Unicode
တရွေ့ရွေ့လျှောက်လာခဲ့တဲ့ခြေလှမ်းတွေဟာအသက်မပါသလို့ ညှိုးငယ်နေတဲ့မျက်နှာက သိသာစွာပင်ထင်ဟပ်နေသည်။နန်းတော်ထဲကထွက်လို့ မြို့တော်ရဲ့ဈေးတန်းထဲရောက်သည့်တိုင် စကားသံဆိုတာမကြားရ နှစ်ကိုယ်ကြား အေးစက်နေသည်မှာ ရေခဲပြင်ပမာ။နောက်ဆုံး မနေနိုင်တဲ့အခါ ဒီကိုယ်တော်ကပဲ စကားဖောင်ဖွဲ့ဖို့ နှုတ်တော်ဖွင့်ဟရတော့သည်။
"မျက်နှာက ဘာဖြစ်တာလဲ ?"
တကယ်တည်ငြိမ်လွန်းတဲ့သူက တွေ့နေမြင်နေကျ စွာလွန်းသူ မဟုတ်မခံပြန်ပြောသူမဟုတ်သည့်အတိုင်းပင်။အိမ်ရှေ့စံရဲ့အမေးကို လျစ်လျူရှုဥပေက္ခာပြုသူသည် ဇမ္ဗူဒီပါမှာတစ်ယောက်ပဲရှိပါလိမ့်အုံးမယ်။
အဟွန်း ! ဘယ်လောက်ခံမလဲ ကြည့်ကြသေးတာပေါ့ !
"မေးနေရင်ဖြေလေ ! ဘာလဲ ဟိုလူနဲ့ မနေခဲ့ရလို့လား ?"
ဒုတိယပ္မိတွင်တော့ ဘေးချင်းယှဉ်လျှောက်သူက ခြေလှမ်းကိုတုံ့ခနဲရပ်ပစ်ကာ အကြည့်လေးတစ်ခုတော့ တုံ့ပြန်သည်။ထိုအကြည့်တွေက အမြင်မကြည်မှုတွေ ပေါ်သည့်တိုင် မလွှဲချင်စရာကောင်းလောက်အောင်ကို ညှို့ငင်နေပါသည်။
"ဟုတ်နေတာပဲ ! အဟွန်း !"
"လူကြီးမင်း သိနေရင် ဘာလို့လာမေးနေသေးလဲ ? ပြီးတော့ ကျွန်တော့်ကို ဘာလို့ခေါ်လာတာလဲ ပြော !"
အကြောင်းအရာကိုသိနေတာတောင် ခနဲ့တဲ့တဲ့ဖြင့် မေးခွန်းတွေကို အစဉ်မပျက်မေးနေတော့ လူက စိတ်မရှည်တော့။ရာထူးကြီးတာလည်း မသိတော့ဘူး။မင်းကြီးရဲ့ဆွေတော်မျိုးတော်ဆိုတာလည်း မမှုတော့ပါပဲ အတွင်းစိတ်က ပေါက်ထွက်လာတော့သည်။ထိုသည်က သမားတော်ငယ်လေးဂျောင်ကုပြုမိသည်မှာ လေသံခပ်တင်းတင်းဖြင့် ဆောင့်အော်လိုက်ခြင်းပင်။
"အထီးကျန်လို့ ~"
"ဘယ်လို ! "
အပြစ်ဆိုလည်း ယူပါရစေတော့ဟု ကြံရွယ်ခဲ့ပေမယ့် တကယ်တမ်း ခပ်အေးအေးပြန်ဖြေလာတဲ့အဖြေတစ်ခုမှာ ကိုယ်တိုင်ပင်မသိအောင် ရင်ထဲတင်းကြပ်သွားမိသည်။
ပြည့်စုံတယ်လို့ထင်ရတဲ့သူတွေမှာလည်း ဒီလိုအထီးကျန်မှုက ရှိသည်တဲ့လား..?
![](https://img.wattpad.com/cover/301425195-288-k626814.jpg)
YOU ARE READING
Dear My King ( Taekook ) [ SEASON 1 ] ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 22 . 6 . 2022 End date - 27 . 8 . 2023 ‼️ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်းဇာတ်ကွက်အားလုံးသည် အတာရဲ့စိတ်ကူးသက်သက်သာ ဖြစ်တာမို့ အပြင်လောကနဲ့လုံးဝမသက်ဆိုင်ပါဘူးနော်။အကယ်လို့ တစ်ခုခုတူ...