Dear My King : 6

1.4K 155 88
                                    

Unicode

နက်ပြာရောင် ဝတ်ရုံလက်ရှည်ရဲ့ အရင်းသည် ဓားရာကြောင့် တုံးတိပြတ်ကျနေသည်။မပြောလည်းသိမည်က ဝတ်ရုံအောက်ရှိ လက်မောင်းသားသည် ပြတ်ရှရာ ရှိနေလိမ့်မည်။နီပြစ်ပြစ်သွေးတွေက နက်ပြာရောင်ဝတ်ရုံထက် မသိသာပေမယ့် စိုရွှဲနေသည်။

လောလောလတ်လတ်ဒဏ်ရာက စပ်ဖျင်းဖျင့်ဖြစ်လင့်ကစား နှုတ်ခမ်းတစ်ဖက်သည်တော့ တွန့်ချိုးနေသည်။

သိပ်ကျေနပ်တာပေါ့!

အနိုင်ရလာခဲ့တယ်မဟုတ်မလား ?

"အိမ်ရှေ့စံ သမားတော်ကြီး ရောက်ပါပြီ ~"

"ဝင်ခဲ့ !"

"အိမ်ရှေ့စံ ဒဏ်ရာကို ကြည့်ခွင့်ပြုပါ ~"

ခွင့်ပြုမိန့်ကြောင့် ဝင်လာတဲ့သမားတော်နဲ့အတူ ကြွေရေဇလုံကိုင်ကာ လိုက်ပါလာသည့် ဆေးအကူကို မျက်ဝန်းပင့်ကာ တစ်ချက်ကြည့်မိတော့ နက်ဆွေးဆွေးမျက်ခုံးတန်းထူတို့ ထိလုမတက်ဖြစ်သွားသည်။သို့သော် ဦးခေါင်းအား တစ်ချက်ညိတ်လိုက်ရင်း သမားတော်အားခွင့်ပြုလိုက်‌သည်။

အိမ်ရှေ့စံသည် လူတိုင်းရဲ့ ယုံကြည်အားကျရတဲ့အထူးပုဂ္ဂိုလ်ဖြစ်လင့်ကစား မထီမဲ့မြင်ဖြင့် မော်တောင်မကြည့်ဝံ့ပင်။ယခုလည်း မယ်တော်နတ်ရွာစံပြီးကာမှ ရာထူးတက်သွားသည့် သမားတော်ချုပ်ဂျင်သည် အိမ်ရှေ့စံကလေးဘဝတည်းက အနားရှိခဲ့သည့်သူဖြစ်ပေမယ့် နှစ်ဦးကြားအေးစက်လွန်းလှသည်။

ဒါပါပဲ အိမ်ရှေ့စံဆိုတာ စကားကိုလိုအပ်သည်ထက် ဘယ်သောအခါမှပိုမပြောတတ်ပေ။

မိဖုးရားဟောင်းနတ်ရွာစံသွားပြီးကတည်းက ပိုအေးစက်လာတာဖြစ်သည်။

"ဂျွန်ဂျောင်ကုဆိုတဲ့ တစ်ယောက်ရော ?"

"ဗျာ ဂျောင် ဂျောင်ကုက ဆေးမြစ်လှမ်းတဲ့ဆီမှာပါ ~"

မာလွန်းသည်လည်းမဟုတ် ညင်သာသည်လည်းမမြည်တဲ့ စူးစမ်းသံက ရုတ်ချည်းပေါ်ထွက်လာသည်။သမားတော်ဂျင်သည်ပင်လျှင် ရုတ်တရက်ဆိုတော့ ဘာပြန်ဖြေရမှန်းမသိ။အစအဆုံးမရှိ။အဘယ်ကြောင့် ဂျွန်ဂျောင်ကုဆိုတဲ့ ရှပ်ပြာကလေးကို မေးနေရသလဲ။

Dear My King ( Taekook ) [ SEASON 1 ] ( Completed )Where stories live. Discover now