Unicode
ဂိုဟန်မြို့အတွင်းအကျယ်ဆုံးနဲ့အခမ်းနားဆုံးသောနေရာ။အခြားမဟုတ်ပါလေ မင်းကြီးနဲ့အပြိုင် ဩဇာညောင်းတဲ့ အမတ်ချုပ်ကြီးရဲ့အိမ်တော်သာ။
မိဖုရားနန်းတွင်းသို့ရောက်စဉ်မှစလို့ အမြဲတိတ်ဆိတ်နေတတ်သည့်ထိုနေရာသည် ယနေ့မူစုစုရုံးရုံးဖြစ်နေသည်။စေ့စပ်ကာ အတွေးများသူမို့ ထိုသို့ လူအသိများစေတာ မနှစ်မြို့သော်လည်း ထူးထူးခြားခြားဖြစ်နေသည်မှာ ခရီးတစ်ခုထွက်သွားသည့် မင်းကြီးကြောင့်ပင်။ဘက်တော်သားများနဲ့စုရုံးနေတာဟာ မင်းကြီးအတွက်တွေးစရာကို မပေးနိုင်တာမို့ ထိုသို့ လွတ်ချိန်ကိုသာခေါ်လိုက်တာဖြစ်သည်။
စာကြည့်ခန်းဟု အမည်ရသည့်အခန်းဟာ ယခုတော့စားပွဲဟန်ဖြစ်နေသည်။စားပွဲရှည်ကြီးက လူအယောက်၁၀ယောက်မက ဝိုင်းနိုင်သည်။ထိုစားပွဲထက် မျိုးစုံသော အမြည်းတွေနဲ့အတူ မရှိမဖြစ် သေရည်လည်းပါသည်။ထို့မျှမက ဂိုဟန်ရဲ့အမတ်တို့ပီပီ ဆောင်ကြိုင်မြိုင်ရှိ အလှဆုံးလေးတွေကပါ တစ်ဖက်တစ်ချပ်စီတွင် ရှိနေသည်။
"အမတ်ချုပ်ကြီး ~ မင်းကြီး အခုတလော ခရီးသွားတာ ထူးဆန်းမနေဘူးလား ?"
သေရည်ခွက်ကို တစ်ချိုက်မော့သောက်ကာ အရောင်သွေးစုံလှသည့်ဘေးရှိ မိန်းမလှလှလေးရဲ့ပခုံးကို ဖက်လျက်မေးလာသည့် ပညာရှိအမတ်ကြီး။ရရှိထားသော ဂုဏ်ပုဒ်နှင့်မလိုက်ဖက်တာက လူများအကြားထင်းနေသည်။မိန်းမလိုက်စားလွန်းသူဟု ခေါ်လျှင်ပိုမှန်မည့် သူက စားပွဲရှည်ရဲ့ထိပ်ဆုံးရှိ အမတ်ချုပ်ကြီးအား စမေးတော့ ကျန်နေတဲ့အမတ်တွေက မျက်ခုံးပင့်ကျသည်။
သို့သော် မေးခွန်းဟာ မေးထိုက်သည်။အမတ်ချုပ်ကြီးကတော့ မျက်တောင်ပင်မခတ် အားလုံးသိနေဟန်ဖြင့် ရေသေလို ငြိမ်သက်နေသည်။မကြာလိုက် မျက်ဝန်းရှည်တို့က ပညာရှိအမတ်ကြီးထံ ဦးတည်ရင်းစာလိပ်တစ်ခုအား ထုတ်ပေးလာသည်။
"ဆရာကြီးဆီက သဝဏ်လွှာရတယ် ~"
"ကျုပ်တို့တော့ အဲ့ကလေးကို အမြန်ဆုံးရှာဖို့ လိုနေပြီ ~ "
ပြောချင်တာက ဆရာကြီးဆီက သတင်းရသည်ပေါ့။ဘာသတင်းလဲဆိုတာတော့ သဝဏ်လွှာအား ဦးစွာဖတ်လိုက်သည့် လက်ယာအမတ်ကြီးက သဘောပေါက်စွာ အကြံပြုသည်။
![](https://img.wattpad.com/cover/301425195-288-k626814.jpg)
YOU ARE READING
Dear My King ( Taekook ) [ SEASON 1 ] ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 22 . 6 . 2022 End date - 27 . 8 . 2023 ‼️ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်းဇာတ်ကွက်အားလုံးသည် အတာရဲ့စိတ်ကူးသက်သက်သာ ဖြစ်တာမို့ အပြင်လောကနဲ့လုံးဝမသက်ဆိုင်ပါဘူးနော်။အကယ်လို့ တစ်ခုခုတူ...