Dear My King : 16

1.1K 120 85
                                    

Unicode

မျက်ဝန်း‌တွေက အရင်ကထက် ခက်ထန်လာသည်။အမိန့်တွေက ပိုမိုပြတ်သားလာသလို ရက်စက်လာသည်။ဒါဟာ သူလိုချင်တဲ့အရာမဟုတ်ပေမယ့် အဲ့လိုဖြစ်အာင်လူတွေက ဖန်တီးယူကြတော့ သူကလည်း ပြောင်းလဲပေးရမှာပေါ့။

အမုန်းဆုံးအမိန့်တစ်ခုကို ချမှတ်ခဲ့တာ ယခုဆိုရင် တစ်ပတ်ပြည့်ပြီဖြစ်သည်။ထိုနေ့ကစလို့ အဆောင်ထဲသာ အချိန်ကုန်နေတတ်တဲ့မင်းကြီးဟာ တိတ်ဆိတ်နေတာတော့မဟုတ်။

"ဘာထူးလဲ ?"

"အကြောင်းပြန်စာမရသေးပါဘူး ~ နှစ်ဖက်လုံးက ငြိမ်နေတယ် ~"

မင်းကြီးနဲ့ မျင်နှာချင်းဆိုင်တွင် ခပ်မတ်မတ်ထိုင်နေတဲ့ ကိုယ်ရံတော်မှူးယွန်းဂီက ဖြေလိုက်တာဖြစ်သည်။ဟုတ်သည် အခုတလော မင်းကြီးဟာ စုံစမ်းမှုတွေကို မပြတ်လုပ်နေတာဖြစ်သည်။အထူးသဖြင့် ကိုယ်ရံတော်မှူးကို ခိုင်းစေတာဖြစ်သည်။အချို့သော အလုပ်တွေကို ဗြောကိုအမိန့်ပေးစေခိုင်းသလို ဆေးဆရာကြီးနဲ့ပတ်သတ်မှုကိုတော့ ထိုတစ်ဦးတည်းကိုသာ တိတ်တဆိတ်စေခိုင်းတာဖြစ်သည်။

"မြေးလေးနဲ့ ပေးတွေ့ရတော့မယ်ထင်တယ် ~"

အသက်ရှူသံမျှင်းမျှင်းက ရယ်သံနဲ့အတူ စိမ့်ဝင်လျက်ပင်။ထို့အတူ အဖြေကြောင့် ထယ်ယောင်းရဲ့ အေးစက်စက်ရေရွတ်မှုက စိတ်ဝင်စားဖို့ကောင်းနေခဲ့သည်။

ကိုယ်ရံတော်မှူးယွန်းဂီကတော့ သူ့အားနားမလည်သလိုကြည့်ရင်း...

"မင်းကြီးမှာ အစီအစဉ်ရှိလား ?"

"အဟွန်း ! "

ထယ်ယောင်းက အသံထွက်ရုံမျှရယ်သည်။ပြန်တော်မဖြေ။သို့သော် ထက်မြက်တဲ့သူက ထယ်ယောင်းဘာကိုဆိုလိုလဲသဘောပေါက်မှာပေါ့။

ထယ်ယောင်းက အခုဆိုအရမ်းကိုလျှို့ဝှက်လာသည်။အတူစုံစမ်းသော်လည်း သူ့ရဲ့နောက်အစီစဉ်ကိုတေယ့ ဖွင့်ဟလေ့မရှိ။မည်သူကိုမှ မျက်နှာလွဲခဲပစ်မယုံတာဖြစ်သည်။အခုလည်း ဒါကြောင့်မို့ မင်ယွန်းဂီအား သူပြန်မဖြေတာ။

တကယ်ဆို  ဆေးဆရာကြီးရဲ့မြေးဟာ သူ့ဆီမှာရှိနေခဲ့တာကြာပြီ။လိုက်ရျာစရာမလိုဘဲ ကံကြမ္မာရဲ့ ကောင်းချီးပေးမှုကြောင့်အလိုလိုရောက်လာခဲ့ာဖြစ်သည်။သူသိတာလည်း မကြာသေးပေ။ထိုကလေးထံ စကားနှိုက်ရင်းမှ သဲလွန်စတွေရလာတာဖြစ်သည်မို့ သူအတည်ပြုထားတာဖြစ်သည်။

Dear My King ( Taekook ) [ SEASON 1 ] ( Completed )Where stories live. Discover now