Dear My King : 12

1.2K 137 41
                                    

Unicode

မင်းကြီးဆိုတဲ့အခွံအား ဖယ်ရှားလို့ အပြေးတစ်ပိုင်းလှမ်းလာတဲ့ခြေလှမ်းကျဲတွေက နန်းတော်ရဲ့သီးသန့်နေရာသို့ ဦးတည်သည်။ရှေးဘုရင်အဆက်ဆက်အထွဋ်အမြတ်ထားရာ ထိုနေရာ။ပေါ့ပေါ့တန်တန်လူတိုင်းသွားလာနိုင်သည့်နေရာမဟုတ်။စည်းမျဉ်းစည်းကမ်းတွေ အထပ်ထပ်ဖြင့် ထိုနေရာသည် သမိုင်းများစွာရှိနေသည်။

တစ်ခုခုဖြစ်သွားလေမလားဆိုတဲ့ ပူပန်မှုက ထယ်ယောင်းရင်ဘက်အား ဝုန်းဒိုင်းကျဲစေသည်။သူတားချင်ရင်တောင် တားလို့မနိုင်သည့် နေရာမို့ အချိန်မလွန်ခင် တားရန်သာ တာဆူနေသည်။

ဘာမှမဖြစ်ပါစေနဲ့ ဟူသော ဆုတောင်းသံက စိတ်ထဲတွင်အကြိမ်ကြိမ်ရေရွတ်လျက်။မျက်စိတစ်ဆုံး၌ မြင်ရတဲ့ပုံရိပ်ငယ်အားတွေ့သည့်အခါ အရှိန်ကိုပိုတင်ကာပြေးမိသည်။

"ဂျွန်ဂျောင်ကု !"

"ဟင် ~ မင်းကြီး~ အင့် ဘာလုပ်တာလဲ ?"

ကျောနောက်ဘက်မှ ခေါ်သံကြောင့် ဂျောင်ကုလှည့်ကြည့်မိတော့ မင်းကြီး။ပြန်ပြောချိန်ပင်မရလိုက် ရင်ခွင်ထဲဆွဲသွင်းခံလိုက်ရသည်မှာ အင့်ခနဲ။လည်တိုင်တစ်ဝိုက် ပျံ့နေ‌တဲ့ အသက်ရှူသံခပ်ပြင်းပြင်းနဲ့မို့ အလျင်လိုနေမှန်း ရိပ်စားမိသည်။အကြောင်းရင်းကိုတော့ ဂျောင်ကုမသိ။

"ဘာဖြစ်သွားသေးလဲ ကိုယ်တော့်ကိုပြစမ်း ! "

"ကျွန်တော်မျိုးက ဘာဖြစ်ရမှာလဲ ~ ဒီမှာကြည့် အကောင်းကြီးလေ ~"

လေသံက မာနေသော်လည်း ဆူပူတာမျိုးမဟုတ် စိုးရိမ်တကြီးမေးနေသည့် မင်းကြီးက ဂျောင်ကုတစ်ကိုယ်လုံးကိုပါ စစ်ဆေးနေတော့သည်။ဘာကြောင့်မှန်းမသိပေမယ့် ချွေးစို့နေသော မင်းကြီးရဲ့မျက်နှာချောချောနဲ့ ရဲတက်နေသော မျက်သားတို့ကြောင့် ဂျောင်ကုပါ စိတ်ထင့်လာသည်။

ဂျောင်ကုက မင်းကြီးရဲ့ပြာယာနေသော မျက်နှာအား လက်ဖဝါး‌နှစ်ဖက်ထဲထည့်ကာ အကြည့်ချင်းဆုံစေရင်း ပြောလိုက်တော့မှ ငြိမ်ကျသွားသည်။

"ကိုယ်တော့်ကို စိတ်ပူအောင် သိပ်လုပ်တာပဲကွာ ~"

"ပိစိလေးပါနော် ~"

Dear My King ( Taekook ) [ SEASON 1 ] ( Completed )Where stories live. Discover now