Dear My King : 20

866 107 10
                                    

Unicode

တရိပ်ရိပ်ပြေးနေတဲ့ခြေလှမ်းတွေက ဦးတည်ရာမဲ့နေသည်။ထိတ်လန့်ခြင်းများစွာနဲ့ တကြော်ကြော်ကူညီတောင်းခံနေတာဟာ သူ့ရဲ့အသက်အတွက်ဆိုတာထက် ဝမ်းဗိုက်ချပ်ချပ်မှာ ဖြစ်တည်စပြုလာတဲ့သွေးခဲလေး သူ့ရဲ့ဖက်ထုပ်လေးအတွက်သာ။

"ကူညီကြပါအုံး ..! မင်းကြီး ! အစ်ကိုယွန်း ..!"

အတောင်းတဆုံးလူနှစ်ယောက်ကိုခေါ်ဆိုသံက အဆက်မပြတ်ဆိုသော်ငြား အရိပ်ပင်မပေါ်လာတဲ့အခါ ဂျောင်ကုအားအင်တွေချိနဲ့လာသည်။နီးကပ်လာတဲ့ထိုလူရဲ့ခြေလှမ်းတွေအဆုံးမှာ ဂျောင်ကုသာ ဖက်ထုပ်လေးကိုမကယ်နိုင်ရင်ဆိုတဲ့စိတ်နဲ့သွေးပျက်လာသည်။

ချွေးစို့လာတဲ့မျက်နှာတစ်ခုလုံးက ပင်ပန်းမှုဒဏ်ကြောင့် ရဲတက်ကာ မျက်ဝန်းအိမ်ဝ်ိုင်းဝိုင်းကလည်း ငွေ့ရည်တို့တလက်လက်ဖွဲ့လာသည်။တုံ့နှေးလာတဲ့ခြေလှမ်းတွေက စိတ်သွားတိုင်းကိုယ်မပါတော့တဲ့အခါ မောဟိုက်ကာ အသက်ရှူကြပ်လာသည်။

"ဟင်းး ! မောင်မင်း! ရပ်စမ်း !"

ဟန့်တားသည်။နောက်ဆုံး ဂျောင်ကုခြေချမိလိုက်တဲ့နေရာဟာ အဟန့်အတား တံတိုင်းရဲ့ နံရံရှေ့ရောက်တဲ့အခါ ထွက်ပေါက်ပိတ်သွားသည်။

အားမတန်တဲ့အဆုံးခြေစုံရပ်ကာ ဟန့်သည်။သူဆက်မပြေးနိုင်တော့ဘူး။သို့သော် အချိန်ဆွဲရမယ်။ဟုတ်တယ် မင်းကြီးကတော့ ရောက်လာမှာ။ခဏလေးပဲ ဂျောင်ကု!

သေချာပေါက် ဖက်ထုပ်လေးက အန္တရာယ်ဖြစ်မှာမဟုတ်ဘူး!

အတွေးနဲ့အတူ စပြေးကတည်းက အကာကွယ်ပြုကာ အုပ်မိုးထားတဲ့ဝမ်းဗိုက်ကလေးအား ငုံ့ကြည့်လိုက်ပြီးနောက်...

"ရှေ့မတိုးနဲ့ ! ဘယ်သူ့ကို ထိဖို့ ကြိုးစားနေတာလဲ ? မင်းပြစ်သင့်ချင်လား ?"

ဂျောင်ကုက ပြောနေ ဟန့်နေပေမယ့်ထိုလူက သွေးလူးနေတဲ့ဓားနဲ့သူ့မျက်နှာအား ချိန်ရွယ်ကာ တရွေ့ရွေ့တိုးလာတော့ အလိုလိုနောက်ဆုတ်မိရင်းမှ မို့မောက်နေတဲ့ခလုတ်ကန်သင်းကြောင့် ဖင်ထိုင်ရက်ပြုတ်ကျသွားသည်။

"အာ့!"

နာသည်။စူးအောင့်လာတဲ့ခံစားချက်က အောက်ပိုင်းတစ်နေရာမှ တဆစ်ဆစ်။မဟုတ်ဘူး !

Dear My King ( Taekook ) [ SEASON 1 ] ( Completed )Where stories live. Discover now