Dear My King : 22

1K 124 13
                                    

Unicode

"မယ်မယ် သွားဖို့အချိန်ကျပါပြီ ~"

ပြည်နှင်ဒဏ်အတွက် ထွက်ခွါဖို့ကျရောက်လာပြီဖြစ်သည်။သေးကာ တောက်ပြောင်ခြင်းမရှိတော့တဲ့ဝေါယာဉ်နဲ့အတူ နန်းဆောင်ဝတွင် အဆင်သင့်စောင့်နေပြီဖြစ်တဲ့ ရဲမက်အချို့ကြောင့် မိဖုရားနဲ့အတူ လိုက်ပါရမှာဖြစ်တဲ့ အထိန်းတော်တစ်ပါးက လျှောက်တင်လာသည်။သို့သော် အတန်ငယ်ကြာသည်အထိ တိတ်ဆိတိကာ တုံ့ပြန်ကာမကြားရတာမို့ အဆောင်ထဲဝင်လာလျှင်ပဲ ဆီးကိုုနေသည့်အရာက...

"မယ်မယ် ! မယ်မယ် !"

သွေးအိုင်ထဲလဲကျနေပြီဖြစ်တဲ့ မိဖုရားရဲ့ကိုယ်ငယ်။အနားတစ်ဝိုက် သွေးပြစ်ပြစ်များက ကြမ်းခင်အနှံ့ဖြစ်နေသလို အဖြူရောင်ဝတ်ရုံဟာလည်း သွေးရဲရဲတို့ကြောင့် ညစ်ထေးကုန်သည်။ဖြူဖျော့နေတဲ့ မျက်နှာက သွေးမရှိတော့နှယ် တစ်ကိုယ်လုံးဟာအေးစက်လျက်။ဘေးတွင်လည်း ချွန်မြနေတဲ့ ဓားမြှောင်က ရံလို့။

မိဖုရားက ဘယ်ဘက်လက်ကောက်ဝတ်အား ဓားဖြင့်လှီးကာ အဆုံးစီရင်သွားတာဖြစ်သည်။

သို့သော် သူမမျက်ဝန်းတွေက မှေးမှိတ်ခြင်းမရှိ။

အစွဲလမ်းကြီးလွန်ပါဘိ!
.
.
.
အရှေ့နန်းဆောင်မကြီး >>>

ပြသနာတွေဖြေရှင်းဖော်ထုတ်ပြီးသွားသော်လည်း ပြစ်ဒဏ်စီရင်ဖို့ရာအတွက် ကျန်ရှိနေသည်။ဒီနေ့က ပြည်နှင်ဒဏ်နဲ့နယ်နှင်ဒဏ်ကျ အပြစ်သားတွေအား စတင်အပြစ်ပေးတာမို့ မိဖုရားဟာလည်း ဒီနေ့ပဲ နန်းတော်ကနေထွက်ခွါရမည်ဖြစ်သည်။မချစ်သော်လည်း သိခဲ့ဖူးသည်မို့ ကျေနပ်စိတ်နဲ့အတူ လေးလံလာသည့်စိတ်များက ထယ်ယောင်းအား သိတ်ရှုပ်စေသည်။

ထို့ပြင်နယ်စပ်ချစ်ကြည်ရေးအတွက်လည်း လိုအပ်သည်ကိုပြင်ဆင်နေရင်း ငယ့်ဆီကိုပင်မသွားသေးဘဲ အရှေ့နန်းဆောင်တွင်သာ နေဖြစ်သည်။ကိစ္စပြီးမှသာ သွားမည်မို့ အမြန်လတ်ဆသတ်နေရသေး။

"မင်းကြီး ! မိဖုရားဆီသွားမှဖြစ်ပါမယ် !"

"ဘာအတွက်လဲ ?"

Dear My King ( Taekook ) [ SEASON 1 ] ( Completed )Where stories live. Discover now