Dear My King : 19

1K 125 19
                                    

Unicode

တိတ်ဆိတ်နေတဲ့နန်းဆောင်ဝန်းက အပ်ကျသံပင်ကြားလုသည်။တ်ချက်တစ်ချက်ငိုရှိုက်သံသဲ့သဒ့က ညနက်တဲ့အခါမျိုးဆို ပဲ့တင်ထွက်လာတတ်သည်။သို့သော်ငြားအရေးတယူလုပ်မေးဝံ့သူမရှိသလို ဂရုစိုက်မှုတွေဆိုတာ ဝေးလှသည်။

လူတွေရဲ့သဘာဝပါပဲ။သာရာကို ကူးပြောင်းတတ်တယ်ဆိုရမလား။ကိုယ်လုပ်တော်ဆီမှာ နန်းသွေးတည်လာပြီးနောက်ပိုင်း အားလုံးရဲ့အလေးပေးမှုဟာ သူမဆီမှပျောက်ကွယ်လာသည်။တချိန်က ဩဇာညောင်းလှတဲ့အမတ်ချုပ်ကြီးရဲ့သမီးတော်ငယ် တနည်း ဂိုဟန်ပြည်ရဲ့မိခင်ဆိုတဲ့သူမရဲ့အာဏာစက်ဝန်းဟာ ကျယ်ပြန့်သော်ငြား ယခုတော့ ပါးလှပ်လာသည်။မုန်းပါသည်....သူမကိုယခုလိုဖြစ်အောင် လုပ်တဲ့ ဂျွန်ဂျောင်ကုကို သတ်ပစ်ချင်မိတဲ့အထိ!

"မယ်မယ် ~ ဆန်ပြုတ်လေးတော့ သောက်လိုက်ပါအုံး ~"

ဟုတ်တယ် သူမဘက်မှာ အမြဲရှိနေတဲ့ အထိန်းတော်ကြီး။အထိန်းတော်ကြီးကတော့ သူမဘာဖြစ်ဖြစ် တစ်ဦးတည်းသော ကရုဏာထားကာ အမြဲလိုလို အရိပ်တကြည့်ကြည့်နဲ့ငါ။ယခုလည်း စိတ်ထောင်းကိုယ်ကျေဖြစ်ကာ မစားမသောက်နိုင်တဲ့သူမအား ဘေးကနေ မငြီးမငြူကျွေးနေရှာသည်။

ခက်ပါရဲ့။သူမကလည်း ယခုချိန်မှာ တစ်ခုနည်းသာသိသည်။

"ကျွန်မ သေချင်တယ် ~ ပေးသေပေးစမ်းပါ အထိန်းတော်ကြီး ~"

"မယ်မယ် ~ စိတ်ဓာတ်မကျပါနဲ့ ~ အမတ်ကြီးက ခဏလေးပဲစောင့်ပါလို့ပြောထားတယ်လေ ~"

အားမလို အားမရဖြင့် ရင်ဘက်အင်္ကျီပိုးစအား ဆွဲကာ မချိတင်ကဲဆိုလာတဲ့ ခက်အက်အက်အသံက ထိုသိုဖြစ်စေတဲ့ ကိုယ်လုပ်တော်အပေါ်အငြိုးထားဖို့လုံလောက်ပါသည်။အမြဲပြုံးပျော်နေတတ်တဲ့ သူမရဲ့မိဖုရားဟာ အဲ့ဒီကိုယ်လုပ်တော်ကြောင့် ပိန်လို့ပင်လာကာ အားငယ်တတ်လာသည်။မျက်ရည်များနဲ့သာ ဖြစ်တည်လာတဲ့ ချစ်ရတဲ့မိဖုရားအတွက် ဘာပဲပေးစက်ရပါစေ လုပ်ဖို့အသင့်။အသုံးချစရာ ချနင်းစရာရှိလည်း လုပ်ပစ်ဖို့ရဲသည်။ဒါကြောင့်လည်း အမတ်ကြီးနဲ့ တိတ်တခိုးတွေ့ဆုံပြီးပြီမဟုတ်လား!

Dear My King ( Taekook ) [ SEASON 1 ] ( Completed )Where stories live. Discover now