Dear My King : 4

1.7K 166 17
                                    

Unicode

နေရောင်ဖျဖျက တိမ်စိုင်ပြာတွေကြားဖြာထွက်လို့ ဆောင်းဦးရဲ့နံနက်ခင်းအား အနွေးလှိုင်းတို့ ဖြန့်ကျက်ကာ လွှမ်းခြုံသည်။သဲနာရီက သဲနုများများအဆက်မပြတ်တသက်မတ်တည်းစီးကျနေသလို အချိန်တိုင်းဟာ တရွေ့ရွေ့ရှေ့ပြေးနေပါသော်လည်း မပြောင်းလဲသည်ကာ လုပ်ထုံးလုပ်နည်းတွေပင်။စည်းမျဉ်းကျင့်ဝတ်တွေကို ငယ်စဉ်တည်းက ရင်ဝယ်ပိုက်ကာ ကြီးပြင်လာသူအဖို့ လည်ပတ်နေတဲ့တစ်နေ့တာဟာ အမြဲတူညီနေကာ ပျင်းစရာတော့ကောင်းနေသည်။

ဈေးကြီးချည်ပိုးချောဖြင့် ရက်ထားသည့် အပြာရောင်အရပ်သားဝတ်ရုံနဲ့အိမ်ရှေ့စံကင်မ်ထယ်ယောင်းသည် အထက်တန်းမျိုးနွယ်ရှိသခင်လေးဟန်ဖြစ်နေသည်။‌မနက်ခင်းညီလာခံသိမ်းတာနဲ့ နဂါးဝတ်ရုံတော်ကို ပြောင်းထားသည်မှာ ကိစ္စကြီးတစ်ခုလည်းရှိနေသည်။လက်နှစ်ဖက်ကိုနောက်ပစ်လို့ ကိုယ်ပိုင်နန်းဆောင်မှ ရည်ရွယ်ထားသည့် အဆောင်တော်သို့ တရွေ့ရွေ့လှမ်းနေသည်။အနောက်တွင်တော့ ခြွေရံသင်းပင်းက ခြံရံလျက်သာ။

"အထိန်းတော်ကြီး ~ အားလုံးပြင်ဆင်ထားတာ သေချာတယ်နော် ~"

"ကျွန်တော်မျိုး အာမခံပါတယ် အိမ်ရှေ့စံ ~"

ခြေလှမ်းတွေကို စုံရပ်ပစ်လိုက်ရင်း အနောက်သို့တစ်ဖန်ပြန်ကြည့်ကာ မေးတော့ အထိန်းတော်ကြီးရဲ့အဖြေကြောင့် နှုတ်ခမ်းတစ်စုံကို မသိမသာတွန့်ချိုးလိုက်သည်။သေချာပါသည် အိမ်ရှေ့စံရဲ့ပြုံးရိပ်သန်းနေသည့် မျက်နှာချောချောဟာ ကန္တာရထဲသွားနေစဉ် ရေကြည်အိုင်ငယ်လေးအား တွေ့လိုက်သလိုပင်။ခက်သည်က ထိုအေးချမ်းမှုအဖြာဖြာကို မော်မကြည့်ဝံ့တဲ့ ‌ရံခြွေတွေက ဖူးမြော်ခွင့်မရှိလိုက်ပေ။

"ကောင်းပြီ ~ လာ ဒိုယောင်းလေး ~"

"ဟုတ်ကဲ့ ကိုကိုကြီး ~"

တစ်လျှောက်လုံးအနားကနေ ထပ်ကြပ်မခွာပါလာသည့် ကလေးငယ်က ထယ်ယောင်းရဲ့အရိပ်အကဲကို မျက်လုံး‌ကလယ်ကလယ်ဖြင့်ကြည့်နေရာမှ ခေါင်းကိုအနည်းငယ်ငုံ့ချလို့ လက်ကိုပါ ကိုင်ရင်းခေါ်တော့ ပျော်သွားဟန် မြောက်ကြွမြောက်ကြွကိုဖြစ်လို့။

Dear My King ( Taekook ) [ SEASON 1 ] ( Completed )Where stories live. Discover now