Unicode
စီရင်ချက်များဆွေးနွေးဆုံးဖြတ်ရာညီလာခံနန်းမ
ဆောင်ကြီးတွင်ဖြစ်သည်။ကော်ဇောနီကြီးရဲ့အဆုံး ဝင်ပေါက်တည့်တည့်ကနေ လှမ်းမြော်ကြည့်ရပါသော ရွှေရောင်တဝင်းဝင်းနဂါးပုလ္လင်ကြီးထက်တွင် ဂိုဟန်ပြည့်ရှင်ဟာ ခမ်းနားသည်ထက်ပိုစွာ မတ်မတ်ရှိလို့နေသည်။ပုလ္လင်လက်တင်ထက် အနီရောင်နဂါးဝတ်ရုံလွှမ်းခြုံထားသည့် လက်အစုံက တစ်ဖက်ဆီတွင် တင်လျက် ဘေးဘက်တစ်ချက်ဆီသို့ တည်ငြိမ်စွာ အကဲခတ်သည်။ကောဇော်နီရဲ့တစ်ဖက်ဆီတွင် ရာထူးအနိမ့်အမြင့်စီလျက် မှူးမတ်သေနာပတိတို့က ခေါင်းငုံ့လျက်ရှိသည်။ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို မင်းကြီးရဲ့ ယောက္ခထီးတော်လည်းဖြစ်သည့် အမတ်ချုပ်ကြီးသည် ကြံစည်ထားသည့်အတိုင်း မင်းကြီးအား အရိုအသေပြုလို့ ခေါင်းမော့ပြီးနောက်...
" မင်းကြီး ~ အိမ်ရှေ့စံရဲ့ သက်တော်ဟာ ထိမ်းမြားသင့်တဲ့အရွယ်ရောက်ပြီဖြစ်သလို နန်းတွင်းကောလဟာလတွေကလည်း အိမ်ရှေ့စံရဲ့ ဂုဏ်သရေကို ညှိုးနွမ်းစေပါတယ် ~"
"ဒီတော့ အမတ်ချုပ်ကြီးရဲ့ အမြင်ကို ကိုယ်တော့်ကို လျှောက်တင်စမ်းပါအုံး !"
မှန်းဆမိပါသော မင်းကြီးဟာ မည်သို့သောလျှောက်တင်မှုကိုမဆို အံ့ဩခြင်းမရှိပါ။အမတ်ချုပ်ကြီးက ဉာဏ်များသူဆိုလျှင် မင်းကြီးဟာလည်း ထက်မြက်သူတစ်ဦးပင်ဖြစ်သည်မို့ အဖြေကိုသိလင့်ကစား ခေါင်းညိတ်လို့ အကြံပြုစေသည်။
"အားလုံးရဲ့အထင်အမြင်တွေကို မဟုတ်ကြောင်း သက်သေပြဖို့အတွက် လစ်လပ်နေတဲ့ အိမ်ရှေ့မိဖုရားနေရာကို အမြန်တင်မြှောက်စေလိုပါတယ် ~"
"ကျွန်တော်မျိုးလည်း ထောက်ခံကြောင်းပါ မင်းကြီး ~ တော်ဝင်လက်ထပ်ပွဲကျင်းပပေးတော်မူပါ ~"
အမတ်ကြီးရဲ့အပေါင်းအပါကပ်ပါးတွေကပါ တစ်ယောက်ပြီးတစ်ယောက်လျှောက်တင်လာလေတော့ မင်းကြီးဟာ ရေလိုက်ငါးလိုက်ဖြင့် ထိုသူတို့နောက် အတော်အသင့်စီးမြောရတော့သည်။
"နေပါအုံး အကြံတွေကတူနေကြတော့ အိမ်ရှေ့မိဖုရားအရာအတွက် သင့်တော်မယ့်သူရော တွေ့ထားပြီလား ?"
![](https://img.wattpad.com/cover/301425195-288-k626814.jpg)
YOU ARE READING
Dear My King ( Taekook ) [ SEASON 1 ] ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 22 . 6 . 2022 End date - 27 . 8 . 2023 ‼️ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်းဇာတ်ကွက်အားလုံးသည် အတာရဲ့စိတ်ကူးသက်သက်သာ ဖြစ်တာမို့ အပြင်လောကနဲ့လုံးဝမသက်ဆိုင်ပါဘူးနော်။အကယ်လို့ တစ်ခုခုတူ...