Unicode
"သမားတော်ကြီး !"
ပူပန်မှုကြောင့်ရော ဒေါသကြောင့်ပါအက်ရှလာတဲ့အသံက မာထန်နေသည်။သို့သော်ငြား တစ်ဝက်တစ်ပျက်မှာ ရပ်တန့်လိုက်ရသည်က ပိုးဖဲအခင်းထူထူထက် တစောင်းကလေးရှိနေသည့် ကျောပြင်ငယ်လေးကြောင့်သာ။
"စိတ်ပူစရာမရှိတော့ပါဘူး မင်းကြီး ~ အခုလေးတင် အိပ်ပျော်သွားတာပါ ~ "
ဘယ်လိုတောင် ချက်ချင်းဆိုသလိုရောက်လာလဲမသိပေမယ့် မျက်နှာတည်တည်ထက်က ချွေးသီးတို့ကြောင့် အလျင်စလိုပြန်လာခဲ့မှန်းသိသာပါသည်။အရိပ်အကဲသိသူပီပီ ငုတ်တုတ်ထိုင်နေရာမှ ချက်ချင်းထလို့အရိုသေပေးရင်း လျှောက်တင်လိုက်သည်။
ထိုအခါ မင်းကြီးက ကျောပြင်လေးရှိရာဦးတည်လျှောက်သွားပြီး ထိုင်တော့ သူက အလိုက်တသိဖယ်ရှားပေးကာ အနောက်အနည်းငယ်တွင် နေရာယူလိုက်သည်။
"ကိုယ်တော့်ကို အကြောင်းစုံလျှောက်တင် ~"
"ကိုယ်လုပ်တော်ဂျွန်က အရေးပြားထိခိုက်စေတဲ့ ကရပွေးအမှုန့်ကို သုံးဆောင်မိတာပါ ~"
"ဘယ်လို !"
သမားတော်ကြီးရဲ့စကားကြောင့် ထယ်ယောင်းလက်သီးကိုကျစ်နေအောင်ဆုပ်လိုက်မိသည်။စိုးရိမ်ရေအမှတ်ကလည်း မြင့်လာရသည်။ဒီလောက် စနစ်တကျစီစဉ်နေတဲ့ကြားက ဒါမျိုးဖြစ်လာတာသွေးရိုးသားရိုးမဟုတ်တာသေချာသည်။
ဒေါသအငွေ့တို့ လွှမ်းလာတဲ့မျက်သားတွေက နီတက်လာသည်။တစ်ဖက်လှည့်ကြည့်မိတော့ တစ်စွန်းတစ်စထွက်နေတဲ့ ပါးဖောင်းလေးထက်ရှိ အနီစက်အကွက်တွေကြောင့် မေးကြောတွေပါ တင်းခနဲဖြစ်လာသည်။
"အထိန်းတော်ကြီးရဲ့ လျှောက်တင်ချက်အရ မုန့်ချိုသုံးဆောင်ပြီး အခုလိုဖြစ်လာတာပါ မင်းကြီး ~ အရေပြားယားယံလာပြီး အဖုတွေထွက်လာတာပါ ~"
"ဖြေဆေးရော ? "
မင်းကြီးက သာမာထက်ငြိမ်နေသည်။သို့သော် ထိုသည်က ပိုလို့ ကြောက်စရာကောင်းသည်။ကိုယ်လုပ်တော် ယခုကဲ့သို့ဖြစ်ရခြင်းဟာ အာဏာရှိတစ်စုံတစ်ဦးရဲ့ပရောဂမကင်းမှန်း သမားတော်ဂျင်ကလည်း နားလည်သည်။သက်သေမရှိတော့ မင်းကြီးက ခံပြင်းနေတာဖြစ်သည်။
YOU ARE READING
Dear My King ( Taekook ) [ SEASON 1 ] ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 22 . 6 . 2022 End date - 27 . 8 . 2023 ‼️ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်းဇာတ်ကွက်အားလုံးသည် အတာရဲ့စိတ်ကူးသက်သက်သာ ဖြစ်တာမို့ အပြင်လောကနဲ့လုံးဝမသက်ဆိုင်ပါဘူးနော်။အကယ်လို့ တစ်ခုခုတူ...