[ This part contains mature contents.So if you're under 18 years old, then be good babies and don't read ]
Unicode
နွေဦးသုန်သုန်ဖြစ်သော်လည်း ယနေ့မှာမူ ထပ်မံထူးကဲကာ ကောင်းကင်တစ်ခွင်အုံ့မှိုင်းနေသည်။ပထမတစ်ကြိမ်ကမူ ဂိုဟန်ပြည်ရဲ့ လေးဆက်မြောက်မင်းကြီးနတ်ရွာစံသောနေ့ဖြစ်သည်။ယနေ့သည်တော့ ဂိုဟန်ပြည်ရဲ့ အကြီးကျယ်ဆုံး အခမ်းနားဆုံးဖြစ်သည့် ငါးဆက်မြောက်ဘုရင်အားတင်မြောက်ခြင်းနဲ့အတူ တော်ဝင်လက်ထပ်ပွဲပါ တစ်ပါတည်းကျင်းပသည့်နေ့ဖြစ်သည်။
မှူးကြီးမတ်ရာမှာစလို့ နန်းတွင်းအစေခံအထိအဆုံး နန်းဆောင်းမကြီးရဲ့အရှေ့မျက်နှာသာတွင် တစ်စုတည်းရှိနေကြသည်။လျှောက်လမ်းတစ်လျှောက်လုံးတွင် ကော်ဇောနီကြီးခင်ကျင်းထားတာဖြစ်ပြီး ထိုကော်ဇောအဆုံးသည် များစွာသောလှေကားထစ်ကြီးရဲ့အဆုံးတွင်ဖြစ်သည်။အားလုံးရဲ့ မော်ကြည့်ရာတွင်တော့ နဂါးဝတ်ရုံတော်အနီနှင့် မင်းကြီးကင်မ်ထယ်ယောင်းသည် ပကတိတည်ငြိမ်သောအသွင်ဖြင့်တည်ရှိနေသည်။ပြုံးရယ်ခြင်းဆိုသည်ထက် ခံစားချက်ဟူသည့်တစ်စုံတစ်ရာပင် ဖော်မရအောင် ရေခဲပြင်လိုအေးစက်နေသည်။
မင်းကြီးရဲ့ရှေ့တော်မှောက်တွင်တော့ မိဖုရားခေါင်ဟုဘွဲ့တပ်ထားသည့် မိဖုရားဟန်သည် နီးတူအနီရောင်ဝတ်ရုံတော်ကို ပြည့်စုံစွာဆင်မြန်းထားပြီး ဘေးတွင်တော့ အထိန်းတော်နှစ်ယောက်ကထိန်းကိုင်ထားသည်။ဆိုလိုသည်က မင်းကြီးကို ဦးခိုက်အရိုသေပေးရာတွင် ဆံတော်ရစ်ထုံးကြီးကြောင့် တိမ်းစောင်းမှုမရှိစေရန်ဖြစ်သည်။
တစ်ဦးနဲ့တစ်ဦး အရိုသေပေးပြီး ကတိကဝတ်ကို ထုံးတမ်းအရ ပြုကြပြီးနောက် ခေါင်းငုံ့အရိုသေပေးနေကြသော မှူးမတ်ရာရှေ့သို့ လှည့်လိုက်သည်။ထိုသည်နှင့် တစ်ပြိုက်နက်...
"မင်းကြီး နဲ့ မိဖုရားကြီး သက်တော် ရာကျော်ရှည်ပါစေ !"
"မင်းကြီး နဲ့ မိဖုရားကြီး သက်တော် ရာကျော်ရှည်ပါစေ !"
"မင်းကြီး နဲ့ မိဖုရားကြီး သက်တော် ရာကျော်ရှည်ပါစေ !"
ဟိန်းထွက်နေသော သံစဉ်တို့သည် ဂိုဟန်တစ်ပြည်လုံးအား သိမ့်ခနဲပင်။အပြုံးပန်းကိုယ်ဆီဖြင့် အားရကျေနပ်စရာကောင်းနေပါသော်လည်း မင်းကြီးသည်တော့ မပါပါလေ။ဤတော်ဝင်လက်ထပ်ပွဲသည် အကျိုးလိုလို့ ညောင်ရေသွန်းခြင်းတစ်ခုသာ။သူ့ကိုယ်သူ ငါးစာအဖြစ်ချကျွေးခြင်းဖြစ်ပေသည်။
YOU ARE READING
Dear My King ( Taekook ) [ SEASON 1 ] ( Completed )
FanfictionUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 22 . 6 . 2022 End date - 27 . 8 . 2023 ‼️ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်းဇာတ်ကွက်အားလုံးသည် အတာရဲ့စိတ်ကူးသက်သက်သာ ဖြစ်တာမို့ အပြင်လောကနဲ့လုံးဝမသက်ဆိုင်ပါဘူးနော်။အကယ်လို့ တစ်ခုခုတူ...