Lisè-2🥀

363 38 14
                                    

အရိုင်းအရာ အဆင်အယင် ဂုဏ်ပါကာသနတွေ ပေါ့များတဲ့ တော်ဝင်
အဆင့်လူနေမူဘဝကို
စွန့်လွှတ်ချင် စွတ်လွှတ်မယ်
လေပေါ်ပျံဝဲနေတဲ့ စာကလေးတစ်ကောင်းကို
ကြည့်ခြင်းအားဖြင့် သူ့ဘဝဟာ
အတားအဆီကင်းမဲ့လောက်အောင် လွတ်လပ်နေသည် အားကျရုံပါတစ်ပါး
စည်းများတဲ့ဘောင်းထဲမှာ အသက်မျှမရှုချင်တော့ လွှတ်ချခဲ့မိသည်မှာအမှန်ပါ
မွန်းကြပ်မူပေါင်းများစွာကို လေစုန်လွင့်စေပြီး
ခြောက်ကပ်ကပ် သစ်ရွက်ကင်းတဲ့အကိုင်ထက်မှာ တွန့်ကြူးနေသော
ဥသြငှက်လည်း အထီးကျန်နေလို့ပဲမလာ
သောက တစ်ခုစီတိုင်းကို
လမ်းခရီးတစ်ခုတိုင်းမှာ လွှတ်ချထားပြီး လွတ်လပ်ပေါ့ပါးလာတဲ့ ခံစားချက်ကို
ကျမ အရမ်းသဘောကျတယ်

လွတ်လပ်တဲ့ဘဝ ဆိုတာ ဘယ်လို့ပုံစံမျိုးလဲဆိုတာကို
ကျမ အသက် 20 ပြည့်သွားတဲ့နေ့ကစပြီး အဲ့လို့ဘဝမျိုးကို ပိုင်ဆိုင်ရသလို့
ခံစားတတ်လာတယ်
အစိမ်းရောင်သမ်းနေတဲ့ တောင်တန်းကြီးရဲ့ မြေပြန့်ကျယ်တစ်နေရာမှာ
ကျမ ရဲ့အချစ်တော်ကြီး
မြင်းလေးကို အစာကျွေးနေရတာတွေ
တစ်သွင်သွင်စီးဆင့်နေတဲ့ ကြည်ပြာရောင်
စမ်းချောင်းနဘေးမှာ ထိုင်ရင်း
ရေစီးသံကို နားထောင်နေရာတာတွေ
သစ်ကိုင်းပေါ်က ဥသြငှက်ကလေးရဲ့တေးသံကို နားဆင်ရင်း
အိမ်မက်လှလှလေးတွေမက်နေရတာမျိုးတွေဆို ကျမ အရမ်းသဘောကျတာ
စိတ်ရှိတိုင်း လုပ်ဖြစ်တဲ့အရာတွေအများများစားစားမရှိပါဘူး
ဘာကိုမှဂရုစိုက်မနေပဲ
လူသူကင်းတဲ့ တောတောင်နဘေးမှာ
မြင်းစီးနေရတဲ့ Feeling က
ကျမရဲ့ ဝါသနာဖြစ်သလို့
ကျမ သဘောအကျရဆုံး နေစဥ်ဘဝပါပဲ

" အင် တစ်ဖြည့်ဖြည့်နဲ့ အပူဓာတ်တွေကို ခံစားနေရပြီ စီးနေတဲ့ စမ်းချောင်းထဲက ရေတွေသာ ခမ်းခြောက်သွားရင်
ငါလည်း ဘယ်အခြေအနေကို ရောက်သွားရမလဲမသိသေးဘူးနော် "

ကျမ ရဲ့စီးတော်မြင်းလေးက ကျမကို စိုက်ကြည့်နေတယ် ကျမပြောတဲ့စကားတွေကို သူနားလည်တာ မဆန်းပါဘူး
ငယ်ငယ် ကတည့်က ကျမနဲ့အတူ ကြီးပြင်းလာသူဆိုလို့ ဒီချစ်တော်ကြီးပဲရှိတာကို.......
ခုနားကစကားကြောင့် သူဝမ်းနည်းသွားတာလားတော့မပြောတတ်...

21th Century Cynthia Where stories live. Discover now