Bright က ဆေးရုံတက်တာအနည်းဆုံး ၃ ရက်လောက်ရှိပြီဖြစ်သည် ။ သတိရလာတဲ့အချိန်ကစပြီး သူသိပ်စကားမပြောဘူးတဲ့ ။ မျက်လုံးတွေက နီကျိကျိနဲ့ သူ့စိတ်လွတ်သွားတယ်လို့ ဆရာဝန်တွေက စစ်ဆေးချက်အရ သိရတယ် ။ သားတစ်ယောက်အခုလို့ဖြစ်နေတော့ Mile လည်း စိတ်မကောင်း ။ စိတ်မကောင်းတာထက်ညစ်ပတ်တဲ့ ဉာဏ်ထဲမှာတော့ သူသားဟာ တရာခံကိုဖမ်းဖို့သဲလွန်စရနိုင်တယ်လို့ အသုံးက ချချင်သေးသည် ။
Lisa: : မင်းငါ့ကို ကြည့်နေတာ နာရီခွဲလောက်ရှိပြီနော်
လူနာခုံဘေးမှာ ပန်းသီးကို လှီးဖြတ်ရင်း ပြောလိုက်တယ် ။ ဟုတ်တယ် Bright က သိပ်စကားမပြောနိုင်ဖြစ်နေတာ ။
Lisa: : ငါမှာ အချိန်သိပ်မရဘူး ခဏနေ မင်းအဖေ တို့ရောင်လာနိုင်တယ် ဒါကြောင့် အသီးတွေစားလိုက်အုံး ငယ်ငယ်တုန်းကဆို မင်း ပန်းသီးအရမ်းကြိုက်တာ
ပါးစပ်ထဲ ပန်းသီးစိပ်ကို ထည့်ပေးတော့ Bright လည်း အကြည့်မရွေးပဲ ဝါးစားလိုက်တယ် ။ Bright ကြည့်ရတာ တကယ်စိတ်လွတ်နေတဲ့ပုံပါ ။
Lisa: : မင်းစိတ်မပူပါနဲ့ မင်းကိုငါ အန္တရာယ် မပေးပါဘူး အကူညီတောင်းချင်လို့ပါ
Bright ဟာ သနားစရာကောင်းစွာ ယခု လူနာခုံတင်မှာ မြင်နေရပြီ ။ Lisa စိတ်ထဲမှာလည်း ဘယ်ကောင်းပါ့မလဲ့ ။ အဖေနဲ့ အမုန်းတွေ ဖွဲ့ထားခဲ့ကြပေမယ့် တကယ်တော့ Bright ကတော့ သနားစရာလေးပါ ။
ပန်းသီးစိပ်လေးကို ဝါးရင်း မျိုချရင်း ခေါင်းကို စိုက်ငုံထားလိုက်တယ် ။Lisa: : ငါ Darling ကို အရမ်းချစ်တယ်သိလာ သူကို ကာကွယ်ချင်တယ် သူတစ်ခုခုဖြစ်မှာ သေမတက်ငါကြောက်တယ် သူ့မရှိရင် ငါကိုယ်တိုင်းလည်း ဒီအတိုင်း သေသွားနိုင်တယ်
Bright: : ကျတော်ကိုဘာလို့ဒါတွေပြောရတာလဲ့
ပထမဆုံး ထွက်လာတဲ့စကားပါ ။ Bright ကိုယ်တိုင်လည်း Chae ကို ရူးရူးမူးမူး စွဲလမ်းခဲ့ရသူပဲ မဟုတ်လား ။ တခြားတစ်ယောက်က ကိုယ်ချစ်ရသူရဲ့အကြောင်းကို အပိုင်သိမ်း တဖွဖွပြောနေတာမျိုးက ဗိန်လိန်ဖြစ်နေရသူတွေ အတွက်တော့ အရမ်းနာကျင်ရတဲ့ စကားလုံးတွေရယ်ပါ ။