Lisé-31🥀

109 19 2
                                    

တစ်နေ့ရာတည့်မှာ လူတွေအုံအုံကြပ်ကြပ်ဝိုင်းအုံနေကြတယ် ။
ဘာတွေဖြစ်နေတာလဲ့ တစ်ချို့ကဆိုရင်နှခေါင်းချုံပြီး ထို့နေရာက ထွက်လာကြတယ် ။ တစ်ချို့တွေဆို ပါးစပ်ကိုလက်နဲ့အုပ်ပြီး OMG ဆိုတဲ့အသံနဲ့ ကြောက်လန့်နေကြတယ် ။ တစ်ချိန်တည့်မှာပဲ ရဲတွေရောက်ပြီး ထို့နေရာမှ ဝိုင်းအုံနေတဲ့လူတွေကိုရှင်းထုတ်ကာ ကြိုးတန်းထားလိုက်တော့သည်  ။

အနက်ရောင်ဝတ်ထားတယ်ပြီးတော့ အဖြူရောင်ရှပ်​ပေါ် ပန်းရောင်ကဲ့သို့ အနီရောင်တွေနဲ့လွှမ်းမို့နေတယ် ။ ကြည့်ရတာ သူက လေးထပ်တိုက်ကနေပြုတ်ကျလာတာပဲ ။
ရဲအုပ်က သူလက်ထဲကနာရီကိုကြည့်တော့ မနက် ၇ နာရီ အနီးအနားတစ်ဝိုင်းက ပြောချက်အရတော့ မနေ့က ဘာအသံမှမကြားခဲ့ကြပါဘူးတဲ့ ။ အလုပ်ထွက်ပြီး တစ်ပတ်အကြာ သူတစ်ယောက်တည့် တိုက်ခန်းငှားနေတာဆိုပဲ ။ ထွက်ဆိုသမျှ စကားအလာတွေကို စာအုပ်ထဲမှာ မှတ်တမ်းတင်ထားပြီး ရဲအုပ်က အလောင်းကို အရေးပေါ်ကားနဲ့ စစ်ဆေးဖို့ခေါ်သွားစေလိုက်တယ် ။
အလောင်းမဲ့သွားတဲ့နေရာမှာ မီးခြစ်တစ်ခုတည့်သာလျှင်ဂျောင်ထဲမှာပိတ်ကျန်နေခဲ့တော့သည် ။

.........

ဒီတစ်နေရာတည့်မဟုတ် နောက်ထပ် ပျာယာခတ်သော Company တစ်ခုလည်းရှိသေးသည် ။
ခုံပေါ်မှာ တင်ထားခဲ့တဲ့ ဖိုင်တွေ က ကြမ်းပြင်မှာ မရိုဖရဲ့နဲ့ အလုပ်ရှင်က သူရဲ့ လက်ကို တုန်တုန်ရီရီနဲ့ ကိုက်နေတယ် ကြည့်ရတာ သူတော်တော်လေး သောက ရောက်နေတာပါ ။

Mick: : လုပ်ပါအုံး Mile ခုတလော ခဏခဏ ခဗျားရဲ့မိတ်ဆွေတွေပဲဖြစ်နေတာ

သူနဲ့မျက်နှာ ချင်းဆိုင်မှာရပ်နေတဲ့ Mick လည်း တော်ကြာ ခေါင်းတွေရှုပ်လွန်းလို့ ခေါက်တုန်းခေါက်ပြန် Mile ရှေ့ လျှောက်နေတာ ။

Mile: : ဘယ်အချိန်လောက်ဖြစ်တာလဲ့

Mick: : ဖြစ်တာတော့မသိဘူး အလောင်းကို တော့ မနက် ၇ နာရီ တွေ့ရတာတဲ့

Mile: : မကြာခင်ရဲတွေ ငါတို့ဆီရောက်လာလိမ့်မယ် အဲ့ဒီမတိုင်းခင် ငါတို့တစ်ခုခုစီစဥ်ဖို့လို့နေပြီ Mick

Mick: : ခဗျားမှာ ဘာအကြံ ရှိလဲ့

Mile: : မင်းငါနဲ့ လိုက်ခဲ့.....

21th Century Cynthia Where stories live. Discover now