Lisè -13🥀

173 23 2
                                    


ဂျူဂျယ် မြို့တံခါးကြီး ပွင့်သွားတဲ့အခါ ခလုတ်မရှိ ဓားမရှိ အပြုံးပန်းတွေ ကျဲထားသော ပြည်သူတွေကြားမှာ မြင်းပေါ်စီးနေသလို့မဟုတ် လေပေါ်မြှောက်တက်သွားတဲ့ခံစားချက်တွေနှင့်ပေါ့ပေါ့ပါးပါး ဖြတ်သန်းလာခဲ့တယ်
နောက်ထပ် တံတိုင်းကြီးက မြို့တော်ရဲ့ နန်းတော်ကြီး တံခါး
အနီရောင်ကော်ဇောတွေ လမ်းလယ်မှာ ခင်းထားပြီး ဘေးနှစ်ဘက်မှာ ဦးညွတ်အရိုးသေးပေးနေတဲ့ ဘုရင့်အမူထမ်းတော်တွေ...
တစ်လှမ်းချင်းတစ်လှမ်းချင်း လျှောက်လာခဲ့ပြီး ရှေ့မှာ ထင်ထင်ရှားရှားတွေ့မြင်နေရတဲ့ကြည်ညှိစရာ ခန့်နားထည်ဝါမူတွေနှင့် အသည်းပုံနူတ်ခမ်းတွေ ကွေ့ညွတ်သွားတဲ့ ဘုရင်တစ်ပါးဟာ သူကို နွေးထွေးစွာဆိုကြိုလေတယ်

ဘုရင်ကြီးကို ဦးညွတ်အရိုသေးပေလေတော့ ချက်ချင်းပင် သူ့ရဲ့ပခုံးနှစ်ကို ကိုင်ပြီး ထစေလိုက်သည်.....
မရောက်ဖူးတဲ့အရပ်ဒေသမှာ
ကျင်လည်အသားကျဖို့ ခက်ခဲ့မူတွေရှိပေမယ့် ထို့ဘုရင်ကြီးရဲ့ ကြင်နာစွာဆက်ဆံတတ်သော ကိုယ်ကျင့်တရားကြောင့်လည်းကောင်း ပြည်သူတွေရဲ့ နွေးထွေးမူကြောင့် လည်းကောင်း သူ့ရဲ့စိတ်ကူးယဥ်ထဲမှာထက် အပြင်မှာ ဂျူဂျယ် ဆိုတဲ့မြို့တော်ဟာ အေးချမ်းပြီး သာယာမူရှိလှသည်

ထိုင်းဘုရင်ဆီမှ စစ်သူကြီးရဲ့ဂုဏ်သတင်းကို ကြားပြီး ထို့စစ်သူကြီးကို ဂျူဂျယ် ဘုရင်ကြီးကိုယ်တိုင်လည်း တွေ့ဖူးချင်သည်
ရွှေအဆင့်ငွေအဆင့် အဆင်အရောင်တွေသိပ်မရှိပဲ မာကျော့တဲ့ ကျောက်နံရံတွေ နှင့် အဖိုးတန် လှတဲ့ သစ်သားတွေကို အသုံးပြူ တည့်ဆောက်ထားပြီး ရွှေကိုထက် ကျောက်မျက်ရတနာကို အများအသုံးပြူကြလေ့ရှိသည်

ဘုရင့်ကြီးရဲ့ပလ္လင်တော်ဟာ ရွှေရောင်တစ်လက်လက်တောက်ပနေပြီ ရဲ့ရင်တည်ကြည်လှတဲ့ ထို့မင်းဘုရင်ဟာ ထို့ပလ္လင်တော်နှင့် တင်တယ့်မူရှိလှသည် စစ်သူကြီးရဲ့စိတ်ထဲမှာ ထို့ဘုရင်သည် သူနှင့်အသက်မျှမည်ပင်ကွာမယ်မဟုတ် ဟုတွေးခဲ့ပြီး
သူတွေးခဲ့သလို့လည် အမှန်သာဖြစ်ခဲ့သည်

မင်းဘုရင်ကြီးဟာ
စစ်သူကြီးကို သူ့ရဲ့ ခန်းမတော်ထဲ ခေါ်ပြီး စကားစမြည့်ပြောဆိုကြလေ့ရှိတယ် စစ်သူကြီးရောက်တဲ့နေ့ကစပြီး ဘုရင်ကြီးက အရင်ကထက် ပြုံးရွှင်နေတာကို တွေ့မြင်ခဲ့ကြရတယ်
အပြောကြွယ်ဝလှတဲ့ စစ်သူကြီးလည်း မိမိ၏ စစ်ချီတုန်းက အခိုက်တန်းတွေနှင့် သူ့ဘဝရဲ့ အခြေအနေ ဘဝဒဿနာ အမြင်တွေကို ဘုရင်ကြီးအား နှစ်လို့ဖွယ်ကောင်းစွာအပြန်အလှန် ပြောလေ့ရှိကြသည်

21th Century Cynthia Where stories live. Discover now