ပတ်ဝန်းကျင့်က
လင်းနေသည်လား မှောင်နေသည်လား
အာရုံဖမ်းမရတဲ့ အထဲ
မျက်လုံးဖွင့်ဖို့တောင်အင်အားမရှိ
စမ်းတဝါးဝါးနဲ့
ဝေးဝါးစွာတွေ့လိုက်ရတာ
Limario ဘေးနားမှာ
လူပ်လူပ်ရှားရှား တစ်ခုခု လုပ်နေသော
အဖြူရောင်ဆံနွယ်နှင့်
လူတစ်ယောက်ယောက်....." ဘယ်လို့လဲ "
အသံကြားပြီး
Limario သူမ ကို သေချာစိုက်ကြည့်လိုက်တော့မှ
ထို့လူသားဟာ ပါးစပ်နဲ့နှာခေါင်း ကို အနက်ရောင်ပိတ်စနဲ့ ဖုံးအုပ်ထားတဲ့
မိန်းမပျို တစ်ယောက်ဖြစ်ကြောင့်
သိခဲ့ရသည်Limario: : မင်းက ဘယ်သူလဲ....
" စောက်ကြောင်း မရှည်နဲ့ ရော သောက်လိုက်အုံး "
ခါးကို အသားလေး မတ်ပြီး
စောင်ကို ခါးနားတစ်ဝိုင်းလောက်ချကာ
သူမ ကို စိုက်ကြည့်လိုက်တယ်
ဘယ်သူဘယ်ဝါ ဆိုတာ သိချင်လို့
အပြန်အလှန် တိုက်ခိုက်ကြတဲ့
နေ့ကို ပြန်တွေးကြည့်မယ်ဆိုရင်
သူမ ဟာ မြင်နေရတဲ့မျက်ဝန်း.. ဒီရုပ်ရည် ဒီအသံမျိုးနဲ့ ဤမျှ လောက် သတ္တိ ရှိရှိ ကျားကျား
တိုက်ခိုက်နိုင်စွမ်းရှိလိမ့်မယ်ဟု
ထင်ထားမှာမဟုတ်
ခမ်ကြမ်းကြမ်း စကားလုံးတွေဟာ.
သူ့ကို ဂရုတစိုက်ရှိကြောင့်လည်း တပြန် သိခဲ့ရသည်ဘေးနားမှာ ချထားလိုက်တဲ့ ဆေးခွက်ကို မော့ချသောက်လိုက်ပြီး အခါးဓာတ်လွန့်ကဲ့နေတဲ့
ဆေးရည်ဟာ
သူမ အသံလောက်တော့ သိပ်မခါးချင်သလို့" ရှင့် သူငယ်ချင်းကို တော့
စိတ်မပူပါနဲ့
အပြင်မှာ ကြိုးတုတ်ထားပါတယ် "Limario: : ဟင့် မင်းသူကို ဘာလို့ကြိုးတုတ် ထားရတာလဲ
" မေးစရာလို့သေးလို့လာ ရှင့်တို့က ခိုးကြောင်ခိုးဝှက်နဲ့ ကျမ ပိုင်နက်ထဲ ဝင်လာတာလေ "
Limario: : ဟုတ်ပါပြီ အရင်ဆုံး မင်းပိုင်နက်လို့ပြောရအောင် မင်းက ဘယ်သူလဲ ပြောပါအုံး
" ရှင့်ကို ဂျူဂျယ် ဘုရင်ကြီးက ဘာတွေပြောလိုက်သလဲ "
သူမ ခါးပေါ်တွယ်ထားတဲ့ ဓားမြှောင်လေးကို ထုတ်ကြည့်ပြီး...
Limario ဘက်က ဂျူဂျယ် ဘုရင်အကြောင်း တစ်ခွန်းလေး တောင်မဟ ရသေးပဲ
သူမ က ဒီအကြောင်းကို
သိထားပြီးသား ပုံစံနဲ့ ပြန်မေးခွန်းထမေး နေတော့
Limario ပိုလို့တောင် ခေါင်းကိုက်ချင်လာသည်