အဆုံးမရှိတဲ့ ခရီးဆိုတာ
ဘယ်လို့မျိုးလဲ
ကျမ သိချင်တယ်
တိုတောင်းသွားတဲ့ အချိန်တွေကို
ပျောက်ကွယ်စေရင်း
အဆုံးမရှိတဲ့ ခရီးကို လျှောက်ပြီး
ကလေးနဲ့အတူ ထာဝရ နေသွားချင်တယ်
ကလေး နဲ့ပတ်သက်ပြီး ခေါင်းစဥ်
တပ်ရမယ်ဆိုရင်
ကျမ ရင့ခွင်ထဲ ကလေးကို ပွေးဖက်ထားရင်းက..
အရာအားလုံးကို ရပ်တန့်သွားစေချင်တာမျိုး...Lisa: : ကလေး.....သတိထားအုံး
ဒေလီယာ ပန်းရောင်စုံတော့ထဲ
ပြေးလွှာနေသော
ထို့ကလေးကို ချော်လဲမှာ စို့လို့
နောက်ကနေ အာကျယ်ကျယ်
ပြောပေးနေရသည်Chae: : Wow! !! ဒီနေရာလေးက စိတ်ချမ်းသာဖို့ကောင်းလိုက်တာ...
ပန်းလေးတွေက လှပါတယ်
ဒါပေမယ့် ပန်းတော့ထဲမှာ နစ်မြုပ်နေအောင် ပျော်ရွှင်နေတဲ့
သူမ လေးကိုတော့
Bloned hair လေးနဲ့ အထင်သား
တွေ့မြင်ရဆဲ
ပန်းလေးတွေက သူမ အလှကိုမီမှ
မမီတာChae: : လာလေ ဒီကို...ဘာရပ်လုပ်နေတာလဲ
ပန်းတွေကြားမှ ပျော်မြူးပြီး
နေဝင်ပျိုးစ
ညဆည်းဆာ အလင်းတန်း အောက်မှာ
ထိုင်နေရင်း...
ကလေးက ကျမ ကို
မြက်ခင်းပေါ်အတူ ထိုင်ဖို့
လက်ကလေး ယက်ပြီး ခေါ်လိုက်တယ်
အို့.... ဟုတ်သားပဲ..
ကျမ လည်း... တစ်နေရာတည့်မှာရပ်ကြည့်နေမိတာ
ခြေထောက်တွေက ထုံထိုင်လာပြီ
အခုမှ သိရတယ်လို့Lisa: : ကလေး ပင်ပန်းနေပြီလာ
Chae: : Yar သူများကို ကလေးကလေးနဲ အဲ့လို့မခေါ်ပါနဲ့ မကြိုက်ဘူး
Lisa: : ဟင့် ကလေး က ကိုယ်ရဲ့ကလေး မို့လို့ ကလေးလို့ခေါ်တာလေ
ဘာလို့လဲChae: : မခေါ်နဲ့ မကြိုက်ဘူး ပြီးတော့ ကျမ က ကလေး မဟုတ်တော့ဘူ
Lisa: : ကိုယ်သိတယ်လေ
Chae: : သိတော့ ဘာလို့ တတွတ်တတွတ် လိုက်ခေါ်နေသေးလဲ
Lisa: : ချစ်လို့...
Chae: : ရှင်ကလေးလို့ ခေါ်ပြီး ချစ်ရအောင် ကျမ က ရှင့်သမီးမဟုတ်ဘူး
Lisa: : ဒါပေါ့ ကိုယ်သမီးမဟုတ်လို့ လက်ထပ်ယူတာလေ
Chae: : Yar ရှင်နော် တော်ပြီသွား အနားမလာနဲ့