Lisè -7🥀

218 28 3
                                    

ခြောက်ကပ်ကပ် အိမ်အိုကြီးရဲ့
အကန့်အထောက်အပိုင်းအစတွေဟာ
မကြာခင် ပြိုကျလုဆဲ ဖြစ်နေပြီ
မည်သူ တစ်ဦးမှ ထို့နေရာကို
စိတ်ဝင်တစား ရှိလိမ့်မယ်မဟုတ်
များသော နည်းသော ဒါက နှစ်ပေါင် တစ်ရာမက တည့်ရှိနေသော အိမ်အ်ိုကြီးပါလို့ အများက သတ်မှတ်ကြတယ်
သင့်သွားမိ လျင် အသက်နူတ်ခံရမယ်ဟု ရှေ့ဘုရင်တစ်ပါးက ရာဇာသံချမိလေသလား
အိမ်ကြီးရဲ့ ဧရိယာက ကျယ်ဝန်းသလောက် ဆွဲ့ဆောင်မူရှိလွန်းနေသည်
သို့သော် အဘယ်သို့သော် လူသားမျိုးက ထို့နေရာမှာ နေထိုင်ချင်မိပါသလဲ

" တောက်!"

တောက်ခေါက်သံ တစ်ခုက အိမ်ကြီးရဲ့ နံရံနှင့်အတူ တစ်အိမ်လုံးဟိန့်သွားတယ်

" Bright အခုချိန်ထိ အိမ်ပြန်မလာသေးဘူပေါ့ "

ဘီလူးမျက်နှာကိုမှ ဆားရည်ပက်ထားသော.နီကျိတ်ကျိတ် မျက်နှာနှင့်
အသက် ၅၀ ကျော်လောက်ရှိတဲ့ လူကြီး
အနောက်တိုင်း ဝတ်စုံကြီးက သေသပ် စွာ ဝတ်ဆင် ထားပြီး
ခါးထောက် တစ်ဖက်လှည့်နေတဲ့ ထို့လူကြီးဟာ သာမန်လူသား လို့တော့မဟုတ်
မျိုးရိုးစဥ် လူချမ်းသာ ဘုံက ဆက်သက်လာသော
အန်မတန် ပါးနပ်လှသော လူကြီး

" ကျတော် တို့ တားခဲ့ပါသေးတယ် ဒါပေမယ့် သခင်လေးက မကြာခင် ပြန်လာမှာပါလို့ ကတိပေးထားလို့ပါ "

" ဘာ ကတိဟုတ်လာ "

" သခင်ကြီး သခငလေး Bright ပြန်လာပါပြီ "

ရုတ်တရက် ဆိုက်ရောက်လာပြီး သတင်းပေးလိုက်တဲ့ ထို့အစောင့်လေးက ဘယ်ကနေ ရောက်လာမှန်းမသိ

" ဟုတ်ပြီ "

အိမ်အိုကြီးရဲ့ အပေါ်ထပ်မှာ ကျယ်ပြန့်သော အခန့်ကြီး တစ်ခုရှိတယ်
ညစ်ပတ်လွန်းတယ်လို့တော့မဟုတ်
အိမ်သစ်တစ်လုံးလို့တော့ မသန့်ရှင်ခဲ့ပါ
ပြိုပျက်ဟန်ရှိသော ပြတင်ပေါက်တံခါးက လေတစ်ချက်တိုက်တိုင်းလှုပ်ခါနေသည်
အဲ့အိမ်အိုကြီးထဲ ဘယ်သူမှ မသွားရဲ့ဘူ သွားရင် အသက်နုတ်တယ် ဆိုတာက အဲ့အိမ်မှာ အလွန် ကောက်ကျစ်ယုတ်မာလှသော သခင်လေး Bright ရဲ့ ဖခင်ကြီး Mile.. ရှိနေလို့ပေါ့

21th Century Cynthia Where stories live. Discover now