Part 6

1.4K 82 0
                                    

အမုန်းဖွဲ့ အချစ် 🌺🌺🌿
Part 6🐰

   ရိပေါ် စိတ်တိုတိုနဲ့ အလုပ်ခန်းဆီ သွားလိုက်၏

အခန်းထောင့်မှာကပ်ထားတဲ့ ပါးနဲ့မားရဲ့ ဓာတ်ပုံလေးကို ငေးရင်း ဝမ်းနည်းမှုတို့က အထွဋ်အထိပ်

ရိပေါ် " ပါး မား သားအခုပါးတို့အတွက် တရားမျှတမှုကို ရယူနေပါပြီ ပါးနဲ့မားငြိမ်းချမ်းစွာ အနားယူပါတော့ 😢"

ရိပေါ်အတွက် ဒီအခန်းလေးကစိတ်ပူပန်မှုတွေကို ဖြေလျှော့ပေးနိုင်တဲ့ တစ်ခုတည်းသော နေရာလေးပင်

တစ်နာရီခန့်ကြာသော်

ရိပေါ် အခန်းပြန်သွားလိုက်တော့ ကုတင်ပေါ်ဝယ် ခွေခွေလေးအိပ်နေတဲ့ရှောင်းကျန့်

မျက်ဝန်းတစ်ဝိုက်မှာ အနည်းငယ်စိုစွတ်နေသည်မလို့ သူငိုထားမှန်း ရိပေါ်သိလိုက်၏

အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်လို အိပ်စက်နေတဲ့ ကျန့်ကျန့်အားစိုက်ကြည့်ရင်း စိတ်မကောင်းမိပေမယ့်

ဦးရှောင်းဝေရဲ့သား ရှောင်းရိရှင်းရဲ့ အကိုဆိုတဲ့ အသိတို့က ရိပေါ်ရဲ့စိတ်ကို အေးစက်မာကျောစေခဲ့သည်

ရုတ်တရက် ထိုစိတ်ရိုင်းတို့ကြောင့် ရိပေါ် ခါးမှာပတ်ထားတဲ့ ခါးပတ်ကိုချွတ်လိုက်ပြီး အိပ်ယာပေါ်သို့ အားပြင်းပြင်းနဲ့ရိုက်ချလိုက်၏

ဖြန်း!

ရှောင်းကျန့် "အား!"

အိပ်ပျော်နေရင်း ရုတ်တရက်နာကျင်မှုကြောင့် ကျန့်ကျန့်အော်လိုက်မိသည် အထိ

လက်တစ်ခုလုံးနီရဲလာပြီး ခါးပတ်ရာကဖြူဖွေးနေတဲ့ အသားပေါ်ဝယ်ထင်းလွန်းနေ၏

လက်ကနာလို့ပွတ်မိရင်း မျက်ဝန်းအိမ်တို့မှာ မျက်ရည်ဥတို့ကခိုတွဲနေလေပြီ

ရိပေါ် " သိပ်နာသွားလား ငါကတော့အရမ်းနာမယ်မထင်မိဘူး ...😏"

လှောင်သလိုလိုနဲ့ ရီ့သဲ့သဲ့အပြောတို့ကြောင့် ကျန့်ကျန့်တကယ် ဒေါသထွက်မိသည်

ရိပေါ် "မင်းမှာ အခုလိုနေ့ခင်းဘက် အိပ်ပိုင်ခွင့်မရှိဘူး ရှောင်းကျန့် မင်းကိုယ်မင်း ဒီအိမ်ရဲ့အရှင်သခင်များမှတ်နေလား ဟက်😄 ..ငါမင်းကိုခိုင်းဖို့ နှိပ်စက်ဖို့ ယူထားတာကွ ဟား.ဟား"

အမုန်းဖွဲ့အချစ် 🌸🌸 (Complete)Where stories live. Discover now