အမုန်းဖွဲ့ အချစ် 🌺🌺🌿
Part 1🐰အငွေ့တစ်ထောင်းထောင်းထနေတဲ့ ကြာဇံချက်အိုးလေးကို မပူအောင်အဝတ်လေးနဲ့အဖုံးဖွင့်ရင်း ဇွန်းဖြင့်မွှေနေသူ
ဘာလိုလဲသိရအောင် ဇွန်းဖြင့်အနည်းငယ်ခပ်ပြီး မြည်းလိုက်၏
ရှောင်းကျန့် " အနေတော်ပဲ "
အရသာရှိအောင်ချက်နိုင်တဲ့ ကိုယ့်ကိုကိုယ်ဂုဏ်ယူပြုံးလေးပြုံးရင်း မီးပလက်စ် ဖြုတ်လိုက်၏
လက်ဆေးနေရင်း ရုတ်တရက်ခါးကို လာဖက်တဲ့လက်တစ်စုံကြောင့် ပြုံးလိုက်မိသည်
ရှောင်းကျန့် "ဗိုက်ဆာနေပြီလား ကြာဇံချက်လေးကျက်နေပြီ စားတော့မလားကိုကို"
သူ့အမေးကို ပြန်မဖြေခင် သူ့ကိုယ်သင်းနံ့လေးကို လည်တိုင်ကျော့ကျော့လေးမှနမ်းရှိုက်နေတဲ့ ကိုကို
ကျန်းချန် "စားကြမယ်လေ ကျန့်လက်ရာလေးကိုစားချင်နေတာ"
နောက်ဆုံးတော့ စားပွဲဝိုင်းလေးမှာ နှစ်ဦးသားလက်ဆုံစားဖြစ်ကြသည်
မေမေဆုံးပြီးတဲ့နောက်ပိုင်းမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ကိုယ့်ကို အန်တီယွီမိန်နဲ့ ကိုကိုကပဲစောင့်ရှောက်ပေးခဲ့သည်မဟုတ်လား
တက္ကသိုလ် စတက်ထဲကအခုကျောင်းဆရာဖြစ်သည်အထိ ကိုကိုကပဲ ဂရုစိုက်စောင့်ရှောက်ပေးခဲ့သည်
အန်တီမိန်ကလည်း သားအရင်းပမာဆက်ဆံပေးလို့ မေမေ့ကိုသတိရပေမယ့် သိပ်ဝမ်းမနည်းမိတစ်ကောင်ကြွက်ဖြစ်တဲ့ ကိုယ့်ကိုကိုယ်အားငယ်မိတဲ့အချိန်တိုင်း ကိုကိုဆိုတဲ့အသိကြောင့် အရာရာကိုအားတင်းထားခဲ့ရတာ
အတွေးလေးတွေ လွန်ဆွဲနေတုန်း ကိုကိုခေါ်မှသတိရလာသည်
ကျန်းချန် "ကျန့်ကျန့် ဘာတွေတွေးနေတာလည်း ကိုကိုခေါ်တာကြာနေပြီ "
ဒီတော့မှ ကိုကို့ကို အလှဆုံးအပြုံးလေးနဲ့ပြုံးပြရင်း
ရှောင်းကျန့် "ကျန့်ကျန့် ရဲ့ဘဝအကြောင်းကိုပြန်တွေးမိလို့ပါ "
ကျန့်ကျန့်အပြောကို ကိုကိုကဘဝင်မကျဖြစ်ပြီး လက်ကလေးကိုဆုပ်ကိုင်ကာ
BINABASA MO ANG
အမုန်းဖွဲ့အချစ် 🌸🌸 (Complete)
Fanfictionအမုန်းဖွဲ့ အချစ် . အမုန်းတရားတွေ အငြိုးတရားတွေကြောင့် လက်ထပ်ဖြစ်ခဲ့တဲ့သူတို့ ချစ်ရသူနဲ့လက်ထပ်ခါနီးမှာ ဝေးကွာခဲ့ရတဲ့ကျောင်းဆရာလေးရှောင်းကျန့် ညီမဖြစ်သူကိုအချစ်ဆုံးပါလို့ကြွေးကြော်ထားတဲ့ ဝမ်ရိပေါ် သူတို့ရဲ့ စိတ်ဝင်စားဖွယ်အိမ်ထောင်ရေးက ဘာတွေဖြစ်လာမှာလ...