အမုန်းဖွဲ့ အချစ်
Final Part.
.
ရှောင်းကျန့် ဝမ်းသာအားရနဲ့ မောင့်ဆီသွားလိုက်လေတယ်စာကြည့်ခန်းထဲမှာလည်း မောင်ကရှိမနေ ဒါ့ကြောင့် ဝရံတာဘက်ကိုသွားကြည့်လိုက်တော့
တွေ့ပါပြီ ကောင်းကင်ပြာကြီးကိုငေးနေတဲ့မောင်
မျက်ဝန်းအိမ်တို့မှာလည်း မျက်ရည်တွေကနေရာအပြည့်ဖြင့်ရှောင်းကျန့် " မောင် "
မတိုးမကျယ်သော လေသံလေးဖြင့်ခေါ်လိုက်မိတော့ မောင်ကတစ်အံ့တသြနဲ့ နောက်ကို လှည့်ကြည့်လာတယ်
ရှောင်းကျန့် အလျင်အမြန်ပဲမောင့်ရင်ခွင်ထဲတိုးဝင်လိုက်မိသည်
မောင်ကတော့ အရမ်းအံ့သြနေလို့လားမသိ အခုထိကျောက်ရုပ်ပမာ တောင့်တောင့်ကြီးရပ်လျက်
ရှောင်းကျန့် " တောင်းပန်ပါတယ် မောင် ငါမောင့်ကိုအထင်လွဲခဲ့မိတယ် "
မောင့်လည်တိုင်လေးကို လက်ဖြင့်ယှက်တွယ်ထားရင်း မောင့်ကိုသေချာကြည့်ကာ ပြောလေတော့ မောင့်မျက်ဝန်းအိမ်မှာ နေရာအပြည့်ယူထားတဲ့ မျက်ရည်ဥတို့က ပါးပြင်ပေါ်ကို ခုန်ဆင်းလာ၏
သေချာတယ် မောင်မျက်ရည်ကျတာဝမ်းနည်းလို့မဟုတ် ပျော်လို့ပင်
ရိပေါ် " ကျန့် မောင်လေ "
မောင့်စကားကို ဆုံးအောင်ပြောခွင့်မပေးဘဲ ကျန့်ကျန့်ကဖြတ်ပြောလိုက်သည်
ရှောင်းကျန့် " ဖြစ်ပြီးခဲ့တာတွေအတွက် ငါ့ဘက်ကလည်းတောင်းပန်ပါတယ်မောင် တကယ်ဆိုရင် မောင်ရှင်းပြတာကိုငါနားထောင်ပေးခဲ့သင့်တာ မဟုတ်ရင်အခုလိုတွေဖြစ်လာစရာအကြောင်းမရှိဘူးလေ "
ရိပေါ် " ကျန့်အမှားမဟုတ်ပါဘူး မောင်ကိုယ်တိုင်ကပေါ့ဆမိလို့ မောင့်အမှားပါကွာ "
ရှောင်းကျန့် " ကျေးဇူးပါ မောင် ငါ့ကိုရွေးချယ်ခဲ့လို့ မင်းသာဂျူလီ့ကိုရွေးချယ်ခဲ့ရင် ငါသေလောက်အောင် နာကျင်ရမှာ😔"
ရိပေါ် " အစကတည်း မောင့်ရွေးချယ်မှုက မင်းပါပဲကွာ မင်းမှမြင်အောင်မကြည့်ခဲ့တာ "
![](https://img.wattpad.com/cover/304317564-288-k50607.jpg)
KAMU SEDANG MEMBACA
အမုန်းဖွဲ့အချစ် 🌸🌸 (Complete)
Fiksi Penggemarအမုန်းဖွဲ့ အချစ် . အမုန်းတရားတွေ အငြိုးတရားတွေကြောင့် လက်ထပ်ဖြစ်ခဲ့တဲ့သူတို့ ချစ်ရသူနဲ့လက်ထပ်ခါနီးမှာ ဝေးကွာခဲ့ရတဲ့ကျောင်းဆရာလေးရှောင်းကျန့် ညီမဖြစ်သူကိုအချစ်ဆုံးပါလို့ကြွေးကြော်ထားတဲ့ ဝမ်ရိပေါ် သူတို့ရဲ့ စိတ်ဝင်စားဖွယ်အိမ်ထောင်ရေးက ဘာတွေဖြစ်လာမှာလ...