အမုန်းဖွဲ့ အချစ်
Part 13ဆေးရုံကပြန်လာပြီးနောက်ပိုင်း ရိပေါ် ရှောင်းကျန့်အပေါ် အရင်လိုမဟုတ်တော့
ခါတိုင်းထက်ပိုပြီး ကောင်းကောင်းဆက်ဆံပေးမိတယ်ရှောင်းကျန့်လည်း ရိပေါ်နဲ့ရန်မဖြစ်ရဘဲအခုလိုပြေပြေလည်လည် အခြေအနေလေးကို သဘောနေမိသည်
ဒီနေ့တော့ ပန်းမျိုးစေ့အသစ်တွေဝယ်လာလို့ ရှောင်းကျန့်ဂေါ်ပြားလေးနဲ့ မျိုးစေ့တွေကျဲနေ၏
မြေဖွထားသည်မလို့ လက်တွေကသဲတွေပေပွနေ၏
လေတိုက်လို့သဲတွေလွင့်ပြီး ရှောင်းကျန့် မ်က္စိထဲ သဲတစ်ချို့ဝင်သွားလေတယ်
ရှောင်းကျန့်လည်း မျက်လုံးတွေမှိတ်ထားလျှက် သဲပေနေတဲ့လက်နဲ့ မျက်စိပွတ်မိဖို့အလုပ်
ရိပေါ် "မပွတ်နဲ့ "
ရုတ်တရက်လက်ကောက်ဝတ်ကို လှမ်းဆွဲပြီး တားလိုက်တဲ့ရိပေါ်ကြောင့် ဟန္ခ်က္ပ်က္ကာ ရိပေါ်ရင်ခွင်ထဲရောက်သွား၏
ရိပေါ်အလိုက်သင့် ပြန်ဖက်ထားရင်း
ရိပေါ် "မင်းရဲ့လက်နှစ်ဖက်စလုံးက ညစ်ပတ်နေတယ်လေ ဘာလို့မျက်လုံးကိုပွတ်ဖို့လုပ်ရတာလဲ ငြိမ်ငြိမ်နေ ငါမှုတ်ပေးမယ် "
ပြောပြီး ရိပေါ် ကျန့်ကျန့်ရဲ့ မျက်လုံးလေးကို အသာလေးလက်ဖြင့်ကိုင်ပြီး လေမှုတ်ပေးနေ၏
ရှောင်းကျန့်လည်း ခဏကြာတော့ မျက်စိမစပ်တော့သဖြင့် မျက်လုံးလေးအသာဖွင့်ကြည့်လိုက်စဉ်
သူ့ကို စိုးရိမ်စိတ်ဖြင့် ဂရုစိုက်ပေးနေတဲ့ သူ့ရှေ့ကလူသားလေးကို ခဏတာမှင်တက်နေမိတယ်
ပန်းနုရောင်နှုတ်ခမ်းပါးပါးလေးက ဆေးကူစရာမလိုအောင်လှလွန်းတယ် အပြစ်အနာဆာတစ်ခုမှမရှိ ချောမွတ်နေတဲ့မျက်နှာလေးက တကယ်ကိုကြည့်ကောင်းလှသည်
ရိပေါ် "ကြည့်လို့ဝပြီလား "
သူ့အတွေးနဲ့သူငေးနေတုန်း ရိပေါ်ပြောမှသတိဝင်ကာ ရှက်ရှက်နဲ့ ခေါင်းလေးငုံ့ထားမိသည်
ရိပေါ် " ပြီးရင် လက်ဆေးတော့ အပြင်မှာအကြာကြီးမနေနဲ့ "
ပြောပြီးထွက်သွားတဲ့ ရိပေါ်ရဲ့ကျောပြင်လေးကိုကြည့်ရင်း
KAMU SEDANG MEMBACA
အမုန်းဖွဲ့အချစ် 🌸🌸 (Complete)
Fiksi Penggemarအမုန်းဖွဲ့ အချစ် . အမုန်းတရားတွေ အငြိုးတရားတွေကြောင့် လက်ထပ်ဖြစ်ခဲ့တဲ့သူတို့ ချစ်ရသူနဲ့လက်ထပ်ခါနီးမှာ ဝေးကွာခဲ့ရတဲ့ကျောင်းဆရာလေးရှောင်းကျန့် ညီမဖြစ်သူကိုအချစ်ဆုံးပါလို့ကြွေးကြော်ထားတဲ့ ဝမ်ရိပေါ် သူတို့ရဲ့ စိတ်ဝင်စားဖွယ်အိမ်ထောင်ရေးက ဘာတွေဖြစ်လာမှာလ...