Part 9

1.3K 73 2
                                    

အမုန်းဖွဲ့ အချစ် 🌺🌺🌿
Part 9🐰

    ချင်းချင်း၏ ကြားဝင်ဖြန်ဖြေပေးမှုကြောင့် ရိပေါ် ကျန့်ကျန့်အပေါ် အပြစ်ထပ်မပြောတော့ပေ

မဟုတ်ရင် ရှောင်းကျန့်ပြာကျနေလောက်ပြီ ရိပေါ်ရဲ့နဂါးမျက်စောင်းအောက်မှာ

အချိန်တွေကကုန်တာမြန်လိုက်တာ အခုဆိုရင် ရိပေါ်နဲ့လက်ထပ်တာ ၁လကျော်ပြီ

အိမ်ထောင်ပြုတာ ၁လကျော်ပေမယ့် ရိပေါ်ကသူ့ကို လက်ဖျားနဲ့တောင်မတို့
ဒါ့ကြောင့်သူလည်း စိတ်အေးရသည်

ရှောင်းကျန့် ဂေါ်ဖီကြော်ဖို့ ဂေါ်ဖီလေးလှီးနေရင်း

ရိပေါ် "ရှောင်းကျန့် "

မီးဖိုချောင် ဝင်လာတဲ့ ရိပေါ်ကလက်ထဲမှ အထုပ်တစ်ခုပေးလေ၏

ရှောင်းကျန့် "ဒါက ဘာလဲ"

ရိပေါ် "ဒီည ပွဲတစ်ခုသွားစရာရှိတယ် အဲ့တာမင်းလိုက်ခဲ့ရမယ် "

လိုက်ခဲ့ပါဆိုပြီး တောင်းဆိုနေတာမဟုတ်ပဲ လိုက်ရမယ်ဆိုပြီး အမိန့်ပေးနေတဲ့ရိပေါ်ကို ရှောင်းကျန့် စေ့စေ့ကြည့်ကာ

ရှောင်းကျန့် "ကျွန်တော်က ဘာလို့လိုက်ရမှာလဲ ခင်ဗျားပဲပြောထားတယ်လေ ကျွန်တော့ကိုလက်ထပ်တာ အိမ်အလုပ်တွေလုပ်ဖို့ဆို ဒါ့ကြောင့် အခုလိုပွဲတက်တာတို့ဘာတို့ကို ကျွန်တော့်ကိုမခေါ်ပါနဲ့ ခင်ဗျားရဲ့ သိက္ခာတွေကျဆင်းနေပါဦးမယ် "

ရှောင်းကျန့်ရဲ့ ထစ်ငေါ့သောစကားကြောင့် ရိပေါ်ဒေါသထွက်ရပြန်သည်

လက်ကလည်း ရှောင်းကျန့်ရဲ့လက်မောင်းကို ကျစ်နေအောင်ဆုပ်ကိုင်ရင်း ဆွဲထစေလိုက်သည်

အားနည်းသူရှောင်းကျန့်ကတော့ ရိပေါ်ဆွဲရာနောက်ပါလာ၏

ရိပေါ် "မင်းငါ့ကို စိန်မခေါ်နဲ့နော်ရှောင်းကျန့် ငါကမင်းကို လူတောတိုးအောင် ဆွဲခေါ်သွားလည်း မီးဖိုချောင်လို နေရာမှာပဲပျော်နေတဲ့ လူ နေတော့မင်းနဲ့ကိုက်ညီတဲ့နေရာမှာပဲမင်းနေ😡"

စေတနာနဲ့လူရှေ့ခေါ်သွားပေးလည်း လူတောမတိုးတော့ နေပါစေပေါ့

ကိုယ်ကလည်း ခေါ်ချင်လို့ခေါ်သည်မဟုတ်ပါ လုပ်ငန်းရှင်တွေကလည်း သူတို့အမျိုးသမီးတွေနဲ့ပွဲတက်ကြမှာဖြစ်လို့ ရှောင်းကျန့်ကိုခေါ်ခြင်းပါ

အမုန်းဖွဲ့အချစ် 🌸🌸 (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ