Part 14

1.4K 70 0
                                    

အမုန်းဖွဲ့ အချစ်
Part 14

ရှောင်းကျန့် မျက်ရည်စတစ်ချို့ကိုခိုးကာ သုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်၏

ရှောင်းကျန့် " ဖိနပ်ချွတ်ပြီးပြီ ဘာခိုင်းစရာကျန်သေးလည်း "

အဲ့လို ရွဲ့တာကိုပဲ သူမကြိုက်တာ ဒါပေမယ့် ရှောင်းကျန့် ကတော့အခုလိုမျိုး ပြောရတာကိုသဘောကျပုံရတယ်

ရိပေါ် ဘာမှဆက်မပြောအိမ်ထဲသာဝင်သွားလိုက်သည်

ရှောင်းကျန့်ကတော့ ရိပေါ်ထွက်သွားမှပါးပေါ်ကိုအဆီးအတားမရှိကျဆင်းလာတဲ့ မျက်ရည်စတွေကို လက်ခံပေးလိုက်၏

ရိပေါ် ထုံးစံအတိုင်း ချင်းချင်းဆီသွားလိုက်၏

ရိပေါ်ရောက်တော့ အခန်းထဲမှာညီမလေးက တံခါးကိုကျောပေးထိုင်နေတယ်

ရိပေါ်  "ဟာ ကိုကို့ညီမလေးကရေတောင်ချိုး ပြီးသွားပြီပဲ "

ရိပေါ် စကားပြောရင်း ချင်းချင်းနှဖူးလေးကို ဖွဖွလေးနမ်းရှိုက်လိုက်၏

သူဘယ်လောက်ပဲ ပင်ပန်းလာပါစေ ဒေါသထွက်နေပါစေ ညီမလေးရှေ့မှာတော့ ထိုအပြုအမူမျိုးမပြမိ

ညီမေလး ကိုနမ်းရှိုက်လိုက်တာနဲ့ ထိုပင်ပန်းမှုတွေက ပျောက်ကင်းသွားသည့်အလားပင်

ချင်းချင်း ကေတာ့ ရိပေါ်ကိုတစ်ချက်ကလေးတောင်မကြည့်ဘဲ ပြတင်းပေါက်လေးကိုသာ ငေးကြည့်နေ၏

ရိပေါ်  "ညီမေလး ကိုကို့ကို စကားလည်းမပြောဘူးကွာ ဘာတွေစိတ်ကောက်နေတာလည်း ကိုကို့ကို ပြောပြ"

ထိုအခါမွ သူ့ဘက်လှည့်လာပြီး ပြန်ပြောလေတယ်

ချင်းချင်း "ကိုကို ဘာလို့အကိုကျန့်ကို ဖိနပ်ချွတ်ခိုင်းရတာလဲ "

ရိပေါ် တကယ်ပင်လန့်မိပါတယ်  ညီမလေးကမြင်သွားတာလား

ရိပေါ်  "ညီမေလး မြင်လိုက်တာလား ဟုတ်တယ် ကိုကိုသူ့ကိုစိတ်ဆိုးလို့ အခုလိုလုပ္လိုက္တာ "

ချင်းချင်း "အခုလို လုပ်လိုက်တာနဲ့ကိုကို့ဒေါသတွေက ပြေလျော့သွားပြီလား ကိုကိုဘာတွေလျှောက်လုပ်ပြန်ပြီလည်း ချင်းချင်းတကယ်နားမလည်တော့ဘူး "

အမုန်းဖွဲ့အချစ် 🌸🌸 (Complete)Où les histoires vivent. Découvrez maintenant