Part 2

2.1K 99 2
                                    

အမုန်းဖွဲ့ အချစ် 🌺🌺🌿
Part 2🐰

      ကျန်းချန် အဖြစ်အပျက်တွေကိုရှင်းပြပြီးတဲ့နောက် ရှောင်းကျန့် အရမ်းလန့်သွားခဲ့သည်

ရှောင်းကျန့် "အဲ့တာကြောင့် ကိုကို့ကိုပြောတာပေါ့ သတိနဲ့နေပါလို့ အခုတော့ကျန့်ကျန့်စကားနားမထောင်လို့ ဖြစ်ရပြီ"

မျက်နှာကဒဏ်ရာ အနည်းငယ် ကိုကြက်ထုပ်ထိုးပေးရင်း ပွစိပွစိ ပြောနေတဲ့ကျန့်ကျန့်

ကျန်းချန်ကတော့ ချစ်ရသူလေးကိုတမေ့တမောငေးရင်း ပြုံးနေမိ၏

ကျန်းချန် "အော်ဒါနဲ့ ကျန့်ကျန့်ကိုမိတ်ဆက်ပေးရမယ့်လူရှိသေးတယ် ကိုကို့ကိုကူညီပေးခဲ့တဲ့လူပေါ့ "

ရှောင်းကျန့် "သူကဘယ်သူလဲကိုကို "

ကျန်းချန် "ဒီနေ့တော့ အလုပ်ကိစ္စရှိလို့သူပြန်သွားတယ် နောက်ရက်မှမိတ်ဆက်ပေးမယ် "

ရှောင်းကျန့် "မိတ်မဆက်ပေးလည်းရပါတယ် ကျန့်ကျန့်က ကိုကိုမဟုတ်တဲ့တခြားဘယ်သူနဲ့မှမရင်းနှီးချင်ဘူး "

ကျန်းချန် သူ့ရှေ့ကစကားတွေနဲ့ကပ်ချွဲနေတဲ့ အဆိုးလေးကိုမနာအောင် နှာခေါင်းလေးကိုဆွဲလိုက်၏

ကျန်းချန် "စကားတွေသိပ်တတ်နေတယ်ပေါ့ ကိုကို့ရဲ့ကျန့်ကျန့်က "

ရှောင်းကျန့် "ဟီး😁"

ရိပေါ် ရဲ့အိမ်ပြန်လမ်းလေးက ခါတိုင်းနှင့်မတူဘဲ ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေသယောင်

ခြံထဲမှာ ကားလေးရပ်ပြီး သူ့ရဲ့အချစ်ရဆုံးလူသားလေးဆီ သွားလိုက်သည်

အခန်းတံခါးလေးပွင့်နေတာမလို့ တံခါးမခေါက်ဘဲ ဝင်သွားလိုက်တော့

ဝှီးချဲလေးပေါ်ထိုင်ရင်း ပြတင်းပေါက်မှအဝေးတစ်နေရာကို ငေးနေတဲ့ညီမလေး

မျက်ဝန်းအိမ်တို့မှာလည်း မျက်ရည်စတွေအပြည့်နဲ့ပေါ့

ရိပေါ် ညီမလေးကိုတိတ်တဆိတ်လေးကြည့်ရင်း စိတ်မကောင်းစွာနဲ့ပဲ ထိုအခန်းထဲမှ ပြန်ထွက်လာခဲ့လိုက်သည်

အပေါ်ထပ်က သူ့အခန်းကိုပြန်ရင်း ကုတင်ပေါ်သို့ ပစ်လှဲချလိုက်ပြီး

အမုန်းဖွဲ့အချစ် 🌸🌸 (Complete)Hikayelerin yaşadığı yer. Şimdi keşfedin