အမုန်းဖွဲ့ အချစ်
Part 3ကျန်းချန် အိပ်ခါနီး ကျန့်ကျန့်ဆီဖုန်းခေါ်လိုက်သည်
ဖုန်းဝင်သော်လည်း မကိုင်သဖြင့် ထပ်ခါထပ်ခါခေါ်နေမိသည်
ကျန်းချန် "ဟာ ကျန့်ကျန့်ဖုန်းလည်းမကိုင်ဘူး ဘာတွေဖြစ်နေပါလိမ့် "
စိတ်ထက်လူကပိုမြန်ပေသည် ချက်ချင်းဆိုင်ကယ်သော့ယူကာ ကျန့်ကျန့်ဆီသွားမယ်အလုပ်
ယွီမိန် "ဟဲ့သား ဒီအချိန်ကြီးဘယ်သွားမလို့လဲ"
ကျန်းချန် "သားကျန့်ကျန့်ကိုဖုန်းခေါ်တာမကိုင်လို့ လိုက်သွားမလို့ပါမား သူတစ်ခုခုများဖြစ်နေမလားဆိုပြီး စိတ်ပူလို့"
ယွီမိန် "အဲ့လောက်လည်းစိုးရိမ်မနေပါနဲ့သားရယ် ကျန့်ကျန့်က ကေလးမွမဟုတ္တာ သူအိပ်ပျော်နေတာနေမှာပါ သားသွားလိုက်မှအိပ်ရေးပျက်သွားအုန်းမယ်"
ကျန်းချန်လည်း မားကိုခေါင်းညိမ့်ပြပြီး အခန်းထဲသာပြန်ဝင်သွားလိုက်၏
ဖုန်းscreen လေးပေါ်မှ မိုးပြာရောင် longcoatလေးနဲ့ချစ်စရာကောင်းစွာရယ်မောနေသော ကျန့်ကျန့်ပုံလေးကိုငေးရင်း
ကျန်းချန် "ကိုကိုမင်းကို စိတ်ပူတယ်ကျန့်ကျန့် "
နံနက်ခင်း အလင်းရောင်ခြည်နဲ့အတူ မျက်နှာပေါ်ဖြာကျလာတဲ့ နေရောင်ခြည်တစ်ချို့
အိပ်ယာဝင်ခါနီး ပြတင်းပေါက်တံခါးအမြဲပိတ်တတ်တဲ့သူက ဒီနေ့မှမပိတ်မိခဲ့တာလား
မျက်လုံးတွေကဖွင့်မရအောင် လေးလံနေပြီး နူးညံ့အိစက်နေတဲ့မွေ့ယာရဲ့ ဆွဲဆောင်မှုကြောင့် မထချင်တာဆိုပိုမှန်မည်
ညကအိမ်မက်ရှည်လေးတစ်ခုသူမက်ခဲ့သည် အိမ်မက်ထဲမှာ ကိုကိုနဲ့သူမင်္ဂလာပွဲလေးကို ပျော်ရွှင်စွာဆင်နွဲနေသည်တဲ့လေ
အိမ်မက်လေးကိုမိန်းမောရင်း အပြုံးလေးတစ်ချို့က မျက်နှာထက်ဝယ်ပျံဝဲနေ၏
မျက်နှာပေါ်ထိုးနေတဲ့နေရောင်ခြည်က အားပြင်းလာတာကြောင့် သူမျက်လုံးတွေကို အားယူဖွင့်လိုက်၏
ရှောင်းကျန့် "ဘုရား!"
အိပ်ယာထက်မှ ငုတ်တုတ်ထထိုင်လောက်တဲ့အထိ ဒီအရာကသူ့ကိုလန့်သွားစေပါသည်
ESTÁS LEYENDO
အမုန်းဖွဲ့အချစ် 🌸🌸 (Complete)
Fanficအမုန်းဖွဲ့ အချစ် . အမုန်းတရားတွေ အငြိုးတရားတွေကြောင့် လက်ထပ်ဖြစ်ခဲ့တဲ့သူတို့ ချစ်ရသူနဲ့လက်ထပ်ခါနီးမှာ ဝေးကွာခဲ့ရတဲ့ကျောင်းဆရာလေးရှောင်းကျန့် ညီမဖြစ်သူကိုအချစ်ဆုံးပါလို့ကြွေးကြော်ထားတဲ့ ဝမ်ရိပေါ် သူတို့ရဲ့ စိတ်ဝင်စားဖွယ်အိမ်ထောင်ရေးက ဘာတွေဖြစ်လာမှာလ...