အမုန်းဖွဲ့ အချစ် 🌺🌺🌿
Part 10🐰ရှောင်းကျန့် မျက်လုံးလေးကိုပွတ်သတ်ရင်း နိုးလာတော့သည်
ရှောင်းကျန့် "ဟင် ငါအိပ်ပျော်သွားတာပဲ ဒုက္ခပါပဲ ဟိုလူပြန်ရောက်ပြီလားမသိဘူး "
အဝတ်တွေခေါက်ရင်း အိပ်ပျော်သွားခဲ့မိတာပင်
အရမ်းပင်ပန်းလာလို့ ဆိုဖာမှာနှစ်ခြိုက်စွာအိပ်ပျော်သွားတဲ့ကိုယ့်ကိုကိုယ်လည်း ရယ်ချင်မိတယ်
ရုတ်တရက် ရေချိုးခန်းထဲမှထွက်လာတဲ့ရိပေါ်
ခေါင်းကလည်း လျှော်ထားသည်မလို့ ရေသီးလေးတွေကဆံပင်ထက်ဝယ် ခိုတွဲနေ၏
တောင့်တင်းတဲ့ body ကြောင့်ကျန့်ကျန့်ခဏတာ မှင်တက်နေမိသည်
ရိပေါ် "ကြည့်လို့ဝပြီလား ဝရင်လည်းအင်္ကျီထုတ်ပေး party သွားမလို့ "
သူခိုးလူမိသွာ့း တဲ့ကျန့်ကျန့်လေးကတော့ ဂုတ်လေးကိုပွတ်သတ်ရင်း ဗီတိုနားပြေးသွားလေ၏
ဟုတ်သားပဲ မနက်ကသူနဲ့တောင်ရန်ဖြစ်ရတာမဟုတ်လား party မလိုက်တဲ့ကိစ္စနဲ့လေ အခုကျတော့ဘာလို့ စိတ်ကြည်နေပါလိမ့်
ကျန့်ကျန့်လည်း အင်္ကျီထုတ်ပေးရင်း သေသပ်စွာဝတ်ဆင်ပေးလိုက်၏
ရိပေါ် "ဒီည ငါအိမ်ပြန်နောက်ကျမယ် မင်းစောင့်နေနော် "
ရှောင်းကျန့် "အင်း"
သူ့အပြောကို ဂရုမစိုက်ပဲ အင်းတစ်လုံးသာဖြေတဲ့ ကျန့်ကျန့်ကိုသူမကျေနပ်ပေမယ့် party နောက်ကျနေမှာစိုးလို့ ထွက်လာခဲ့လိုက်သည်
ညီမလေးကို နှုတ်ဆက်ပြီး သူလည်းကားလေးမောင်းထွက်သွားလေသည်
ကျန့်ကျန့်လည်း ရေချိုးဖို့လုပ်နေတုန်း ဖုန်းဝင်လာလို့ contant လေးကြည့်လိုက်တော့
Koko💙
ရှောင်းကျန့် contant လေးကြည့်ရင်းသက်ပြင်းမောလေး ချမိသည်
ရှောင်းကျန့် "ဟယ်လို "
ကျန်းချန် "ကျန့်ကျန့် ဖုန်းပြောဖို့အဆင်ပြေလားဟင် "
ကျန်းချန် ကျန့်ကျန့်စိတ်ရှုပ်မှာစိုးလို့ ဖုန်းပြောဖို့အဆင်ပြေမပြေ အရင်မေးလိုက်သည်
YOU ARE READING
အမုန်းဖွဲ့အချစ် 🌸🌸 (Complete)
Fanfictionအမုန်းဖွဲ့ အချစ် . အမုန်းတရားတွေ အငြိုးတရားတွေကြောင့် လက်ထပ်ဖြစ်ခဲ့တဲ့သူတို့ ချစ်ရသူနဲ့လက်ထပ်ခါနီးမှာ ဝေးကွာခဲ့ရတဲ့ကျောင်းဆရာလေးရှောင်းကျန့် ညီမဖြစ်သူကိုအချစ်ဆုံးပါလို့ကြွေးကြော်ထားတဲ့ ဝမ်ရိပေါ် သူတို့ရဲ့ စိတ်ဝင်စားဖွယ်အိမ်ထောင်ရေးက ဘာတွေဖြစ်လာမှာလ...