အမုန်းဖွဲ့ အချစ် 🌺🌺🌿
Part 7🐰ကျန့်ကျန့် အိပ်ယာထက်ဝယ် လူးလှိမ့်ရင်း နိုးလာတော့ ၇နာရီပင် ထိုးတော့မည်
ကပျာကယာထပြီး ဘေးကိုကြည့်လိုက်တော့ ထိုလူကမနိုးသေး
ပုံမှန်ဆို ၆နာရီမထိုးခင် နိုးနေတတ်တဲ့သူက ညကအိပ်ယာဝင်နောက်ကျတာရော ပစ္စည်းတွေ သိမ်းနေရလို့ ပင်ပန်းတာရောကြောင့် ခုမှနိုးခြင်းဖြစ်၏
ထိုလူမနိုးအောင် အသာလေးထပြီး ရေချိုးခန်းမှာ မျက်နှာသစ်လိုက်ပြီး
သူရေချိုးခန်းမှပြန်ထွက်လာသည်အထိ ထိုလူကလည်း မနိုးသေး
အောက်ထပ်ဆင်းလာကာ မနက်စာအတွက်ပြင်ဆင်ရပေမည်
ရေခဲသေတ္တာထဲကို ကြည့်လိုက်တော့ ကြက်ဥတစ်ချို့ ရှိနေသည်
ကျန့်ကျန့်လည်း ထမင်းကိုပဲပြုတ်လေးနဲ့ရောကြော်ပြီး ကြက်ဥလေးကြော်လိုက်၏
အချဉ်အတွက် ဂေါ်ဖီအနည်းငယ်လှီးပြီး ရှာလကာရည်နဲ့ငရုတ်သီးစိမ်းလေးညှပ်ကာ ပြင်ဆင်လိုက်၏
ကော်ဖီလေးလည်း အစစ်ပါလိုက်သေး
အိမ်မှာဆိုမနက်စာကို ပဲပြုတ်နဲ့ထမင်းဆီစမ်း စားလိုက်ပြီး အလွယ်တကူ ကော်ဖီသာသောက်တတ်ပေမယ့် ဒီဝမ်အိမ်တော်မှာတော့ သေချာပြင်နေရ၏
မဟုတ်ရင် သူ့အပြစ်ဖြစ်နေအုန်းမည်
သိပ်မကြာလိုက်ပါဘူး ပြုံးရွှင်ပြီးစားပွဲဝိုင်းဆီရောက်လာတဲ့ ဝမ်ရိပေါ်
ကျန့်ကျန့်အမြင်မှားတာမဟုတ်ပါဘူး ဝမ်ရိပေါ် ဆိုတဲ့ရေခဲ့တုံးက တကယ်ပြုံးနေတာပါ
တွန်းလာတဲ့ဝှီးချဲလေးပေါ်မှာ အသက်နှစ်ဆယ်ကျော်ဝန်းကျင် ကောင်မလေးတစ်ယောက်
ကြည့်ရတာ ဝမ်ချင်းချင်းပဲဖြစ်မည်
ရိပေါ် သူ့ညီမလေးကိုသေချာဂရုစိုက်ပြီး ခုံပေါ်ပြောင်းတင်ပေးသည်အထိ ကျန့်ကျန့်လိုက်ကြည့်နေမိသည်
အရမ်းနွေးထွေးလွန်းလှသည် သူ့အတွက်မဟုတ်တဲ့ ရိပေါ်ရဲ့အပြုံးတွေက
ရှောင်းကျန့်လည်း အတွေးတွေကိုဖြတ်ပြီး ရိပေါ်အတွက် ထမင်းကြော်ခပ်ပေးလိုက်သည်
ESTÁS LEYENDO
အမုန်းဖွဲ့အချစ် 🌸🌸 (Complete)
Fanficအမုန်းဖွဲ့ အချစ် . အမုန်းတရားတွေ အငြိုးတရားတွေကြောင့် လက်ထပ်ဖြစ်ခဲ့တဲ့သူတို့ ချစ်ရသူနဲ့လက်ထပ်ခါနီးမှာ ဝေးကွာခဲ့ရတဲ့ကျောင်းဆရာလေးရှောင်းကျန့် ညီမဖြစ်သူကိုအချစ်ဆုံးပါလို့ကြွေးကြော်ထားတဲ့ ဝမ်ရိပေါ် သူတို့ရဲ့ စိတ်ဝင်စားဖွယ်အိမ်ထောင်ရေးက ဘာတွေဖြစ်လာမှာလ...