အမုန်းဖွဲ့ အချစ် 🌺🌺🌿
Part 25🐰.
.
.
ရိပေါ် party ပွဲကပြန်လာမှာစောင့်ရင်း ဧည့်ခန်းမှာ ထိုင်မရထမရဖြစ်နေတဲ့ရှောင်းကျန့်စောစောပြန်လာမယ်ဆိုတဲ့လူကြီးက အခုတော့လည်း သူမဟုတ်သည့်အတိုင်းပင်
နံရံထက်က နာရီကိုကြည့်လိုက်မိတော့ အချိန်အားဖြင့် ၁၁နာရီပင် ခွဲနေပြီ
ဟင်းးးး....
သူလည်း သက်ပြင်းရှည်ကြီးချရင်း လည်တိုင်လေးကလည်းရှည်မတက်စောင့်မျှော်နေမိတယ်
ချက်ခနဲမြည်သံနဲ့အတူ ပွင့်လာတဲ့တံခါးသံကြောင့် ကျန့်ကျန့်ထရပ်လိုက်မိသည်
ရှောင်းကျန့် " ဟင် ချင်းချင်း "
သူ့ဆီကို ဖြည်းဖြည်းချင်းလျှောက်လာတဲ့ ချင်းချင်းက ဆိုဖာမှာဝင်ထိုင်လေသည်
ရှောင်းကျန့် " မအိပ်သေးဘူးလား ချင်းချင်း "
ချင်းချင်း " ချင်းချင်းအိပ်မပျော်လို့ပါ အကိုကျန့် "
ရှောင်းကျန့်လည်း ဘာမှမမေးတော့ဘဲ သူပါထိုင်ရင်း ဆက်စောင့်နေ၏
ဒေါင် ဒေါင် ဒေါင်
.
နံရံကနာရီမှ အချက်ပေးသံမြည်လာသဖြင့် သိလိုက်ပါပြီည ၁၂ နာရီထိုးပြီ ဆိုတာ
ချင်းချင်း " ကိုကိုကလည်း နောက်ကျလိုက်တာ "
ရှောင်းကျန့် " အကိုလည်းစိတ်ပူနေတာ ချင်းချင်းရဲ့ "
ချင်းချင်း " ဒါမှမဟုတ် အကိုရှောင်ချီကိုဖုန်းဆက်ပြီး လိုက်ကြည့်ခိုင်းလိုက်ရမလား "
ရှောင်းကျန့် " နေပါစေချင်းချင်း အချိန်လည်းမနည်းတော့ဘူးလေ ရှောင်ချီ နားပါစေ "
ချင်းချင်းလည်း ဆက်မပြောတော့ဘဲ ကိုကို့ကိုစောင့်နေတော့သည်
ရှောင်းကျန့် " အကိုအိပ်ချင်ပြေအောင် ကော်ဖီလေးသွားဖျော်လိုက်ဦးမယ် ချင်းချင်း "
ချင်းချင်း " ဟုတ်ကဲ့ အကိုကျန့် ချင်းချင်းဆက်စောင့်နေလိုက်မယ် "
DU LIEST GERADE
အမုန်းဖွဲ့အချစ် 🌸🌸 (Complete)
Fanfictionအမုန်းဖွဲ့ အချစ် . အမုန်းတရားတွေ အငြိုးတရားတွေကြောင့် လက်ထပ်ဖြစ်ခဲ့တဲ့သူတို့ ချစ်ရသူနဲ့လက်ထပ်ခါနီးမှာ ဝေးကွာခဲ့ရတဲ့ကျောင်းဆရာလေးရှောင်းကျန့် ညီမဖြစ်သူကိုအချစ်ဆုံးပါလို့ကြွေးကြော်ထားတဲ့ ဝမ်ရိပေါ် သူတို့ရဲ့ စိတ်ဝင်စားဖွယ်အိမ်ထောင်ရေးက ဘာတွေဖြစ်လာမှာလ...