အမုန်းဖွဲ့ အချစ်
Part 21.
.
Dorctor ဆီက check up result ကိုစောင့်ကာနားထောင်ရင်း ရိပေါ်တို့၃ယောက်ရင်တမမDr " လူနာက သေချာလိုက်နာပုံရတယ် အခြေနေကအများကြီးတိုးတက်လာတယ် "
ရိပေါ် " ဟုတ်ပါတယ် dr ညီမလေးကလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်သလို ကျန့်ကလည်းညတိုင်း သူ့ကိုနှိပ်ပေးပါတယ် "
ရိပေါ် ညီမလေးရဲ့လက်ကလေးကိုဆုပ်ကိုင်ထားရင်း ပြောလေတယ်
Dr " အဲ့လို လေ့ကျင့်ခန်းတွေလုပ်ရင်း နာတာကျင်တာရောရှိသေးလား "
ချင်းချင်း " အစကေတာ့ နာတယ်dr နောက်တော့အကိုကျန့်ကသေချာလေးဆေးလူးပေးတော့ မနာတော့ဘူး "
Dr " အော် အခုရောလက်လွှတ်ပြီး လျှောက်နိုင်ရဲ့လား "
ချင်းချင်း " ဟုတ္ဆရာ နည်းနည်းအားစိုက်ရပေမယ့် လျှောက်နိုင်ပါတယ် ဒါပေမယ့်ကြာကြာတော့မလျှောက်နိုင်ဘူး ဆရာ"
Dr လည်းဆေးမှတ်တမ်းတွေကြည့်ရင်း ပြုံးယောင်သန်းကာ
Dr " စိတ်ပူစရာမရှိတော့ပါဘူး နောက်တစ်လနှစ်လလောက်ဆို လူနာကပုံမှန်ပြန်ဖြစ်သွားတော့မှာပါ ဒါပေမယ့် လေ့ကျင့်ခန်းတော့သေချာလေးလုပ်ပေးပေါ့ "
ရိပေါ် " dr တကယ်ပြောတာလား ဒါဆိုညီမေလးက လမ်းပြန်လျှောက်နိုင်တော့မှာပေါ့နော် "
Dr " အမှန်ပါ မကြာခင်သူလမ်းပြန်လျှောက်လို့ရပြီ "
ရိပေါ် " ဝမ်းသာလိုက်တာ drရယ် ကျေးဇူးပါ "
ရိပေါ် ဆရာ့ကိုကျေးဇူးတင်စကားဆိုပြီးတာနဲ့ ညီမလေးကိုဖက်ထားလိုက်မိသည်
ကျန့်ကျန့်ကတော့ ပျော်ရွှင်နေတဲ့မောင်နှမနှစ်ယောက်ကိုကြည့်ရင်း ဝမ်းသာမျက်ရည်ကျမိသေးသည်
ပြီးတော့ သူ့ရဲ့တစ်ဦးတည်းသော ညီလေးကိုလည်းတမ်းတမိ၏
.........အကိုတာဝန်ကျေပြီညီလေး ညီမလေးကအရင်လိုပြန်ဖြစ်တော့မှာ အခုချိန်မှာသာညီလေးရှိနေရင် သူလည်းအရမ်းပျော်နေမှာသိလား ညီမလေးကတဖြည်းဖြည်းနဲ့အရင်လိုလမ်းပြန်လျှောက်နိုင်တော့ဖို့နီးလာသလို အကိုလည်းအဲ့အိမ်ကနေထွက်သွားဖို့ နီးစပ်လာပြီညီလေး......
KAMU SEDANG MEMBACA
အမုန်းဖွဲ့အချစ် 🌸🌸 (Complete)
Fiksi Penggemarအမုန်းဖွဲ့ အချစ် . အမုန်းတရားတွေ အငြိုးတရားတွေကြောင့် လက်ထပ်ဖြစ်ခဲ့တဲ့သူတို့ ချစ်ရသူနဲ့လက်ထပ်ခါနီးမှာ ဝေးကွာခဲ့ရတဲ့ကျောင်းဆရာလေးရှောင်းကျန့် ညီမဖြစ်သူကိုအချစ်ဆုံးပါလို့ကြွေးကြော်ထားတဲ့ ဝမ်ရိပေါ် သူတို့ရဲ့ စိတ်ဝင်စားဖွယ်အိမ်ထောင်ရေးက ဘာတွေဖြစ်လာမှာလ...