အမုန်းဖွဲ့ အချစ်
Part 26.
.
ရိပေါ် ကိုက်ခဲနေတဲ့နားထင်လေးကို လက်ဖြင့်ဖိရင်းနိုးထလာ၏ဘေးဘီကိုဝေ့ကြည့်လိုက်တော့ သူ့အသဲအသက်လေးကရှိမနေ
ရိပေါ် တစ်ချက်ပြုံးရင်းမနေ့ညကအကြောင်းပြန်တွေးမိ၏
ညကဂျူလီအတင်းတိုက်လို့သူအရက်တွေတော်တော်သောက်လိုက်ရသည်
ပြီးတော့ ဂျူလီကနိုင်ငံခြားမသွားခင်သူ့ကိုဘယ်လောက်ချစ်နေသေးကြောင်းဝန်ခံတယ် ပြီးတော့ သူ့ဆီပြန်လာချင်ကြောင်းပြောတယ် ဒါ့ကြောင့်သူအတင်းငြင်းဆန်ကာသူ့မှာ ရှောင်းကျန့်ရှိကြောင်း အပြတ်ပြောလိုက်ရသည်
ညကသူအတော်မူးနေသည်မလို့ အိမ်မပြန်နိုင် သေချာတာကတော့ ဂျူလီလိုက်ပို့တာပင်
ကျန့်တော့သူ့ကို စိတ်ဆိုးနေတော့မှာပဲ ညကအိမ်ပြန်နောက်ကျခဲ့သည်မဟုတ်လား
ရိပေါ် " ဟင်😳 ဒါတွေက..... "
ရိပေါ် အဝတ်ကင်းမဲ့နေတဲ့ သူ့ကိုယ်အပေါ်ပိုင်းကို ကြည့်ရင်းမြင်လိုက်ရတဲ့ လက်သည်းရာခြစ်ရာတွေကြောင့် အရမ်းလန့်သွားမိသည်
သူမူးနေတာကို အခွင့်ကောင်းယူပြီးကျန့်သူ့ကိုအထင်လွဲအောင်လုပ်သွားတာပင်
ရိပေါ် " တောက်! "
ရိပေါ်ခပ်ကျယ်ကျယ် တက်ခေါက်ရင်းရေချိုးခန်းဆီသွားကာ အမူးပြေအောင်အရင်လုပ်လိုက်သည်
shirt ကွက်လေးတစ်ထည်ဝတ်ရင်း ကျန့်ကိုချော့ဖို့စာစီနေတော့သည်
.
.
ခါတိုင်းထက်ပိုပြီး တိတ်ဆိတ်နေသလိုခံစားနေရတာကြောင့် သူထမင်းစားခန်းဆီသွားလိုက်၏ချင်းချင်းကတော့ မျက်နှာလေးမသာမယာနဲ့ ကော်ဖီသောက်နေသည်
ရိပေါ်အသင့်ဝင်ထိုင်ရင်း ကြီးတင်ငှဲ့ပေးတဲ့ကော်ဖီလေးကိုသောက်လိုက်တော့ နည်းနည်းလန်းသွားသလိုခံစားရသည်
ရိပေါ် " Morning ညီမေလး "
ချင်းချင်း မျက်နှာမကြည်စွာနဲ့ ဖြစ်နေတော့ သူ့မနေသာတော့
YOU ARE READING
အမုန်းဖွဲ့အချစ် 🌸🌸 (Complete)
Fanfictionအမုန်းဖွဲ့ အချစ် . အမုန်းတရားတွေ အငြိုးတရားတွေကြောင့် လက်ထပ်ဖြစ်ခဲ့တဲ့သူတို့ ချစ်ရသူနဲ့လက်ထပ်ခါနီးမှာ ဝေးကွာခဲ့ရတဲ့ကျောင်းဆရာလေးရှောင်းကျန့် ညီမဖြစ်သူကိုအချစ်ဆုံးပါလို့ကြွေးကြော်ထားတဲ့ ဝမ်ရိပေါ် သူတို့ရဲ့ စိတ်ဝင်စားဖွယ်အိမ်ထောင်ရေးက ဘာတွေဖြစ်လာမှာလ...