Part 18

1.5K 71 2
                                    

အမုန်းဖွဲ့ အချစ်
Part 18

ကောင်လေး " သူဌေးလေးဝမ် ဟိုမှာအခြေနေဆိုးနေလို့ပါ ဒီကအကိုလိုက်ကြည့်ပေးပါအုံးနော် "

ရှောင်းကျန့် " ဟုတ်ကဲ့ "

ရှောင်းကျန့်လည်း ထိုကောင်လေးနောက်လိုက်သွားလိုက်တယ်

အိမ်ကြီးထဲမှာ မီးရောင်လေးတွေက ပတ်ဝန်းကျင်တစ်ခုလုံးကို မျက်ဝါးထင်ထင်မြင်နိူင်လောက်အောင် လင်းထိန်နေ၏

တွေ့ပါပြီ အရက်ဝိုင်းမှာ မှောက်နေတဲ့ မိမိခင်ပွန်း

ရှောင်းကျန့် တော်တော်လေးဒေါသထွက်ရပါသည်
ကိုယ်နဲ့မသက်ဆိုင်တဲ ဒီလိုနေရာမျိုးကိုခေါ်တုန်းက ခေါ်လာပြီးသာက အခုလိုသောက်စားပြီးမှောက်နေတယ်ဆိုတော့

ချက်ချင်း ဆိုသလိုရိပေါ်အနားသွားကာ လက်မောင့်းကို ရိုက်ပြီးခေါ်လိုက်၏

ရှောင်းကျန့် " ရိပေါ်  ဝမ်ရိပေါ် ခင်ဗျားထတော့ ဝမ်ရိပေါ် ထအိမ်ပြန်မယ် "

ထိုအခါမွ ခေါင်ထောင်ပြီး မျက်လုံးကတော့မဖွင့် ပဲဖြေလေတယ်

ရိပေါ် " ဘယ္သူလဲကြ ငါ့ကိုခေါ်တာ ဟင် "

မူးပြီးပြောချင်ရာလျှောက်ပြောနေတဲ့ ရိပေါ်ကြောင့် ကျန့်ကျန့် ပိုဒေါသထွက်ရပြန်တယ်

ပြီးတော့ သူ့သူငယ်ချင်းတွေလည်းရှိနေတာမလို့ ရှက်လည်းရှက်မိတယ်

ရှောင်းကျန့် " ဘယ်သူလဲသိချင်ရင် ခင်ဗျားမျက်လုံးကိုဖွင့်ကြည့်လေ "

ထိုအခါမွ မျက်လုံးကိုပြူးပြဲဖွင့်ပြီး သူ့ကိုကြည့်လေသည်

ရိပေါ် " အော် ဘယ္သူမ်ားလဲလို့ ကိုယ့်ယောကျ်ားလေးပဲ "

ရိပေါ်စကားကြောင့် ကျန့်ကျန့် ကြက်သီးထကာ ရှက်သွေးဖျန်းကနဲထသွားရသည်

ရှောင်းကျန့် " ဘာတွေလျှောက်ပြောနေတာလဲ လူတွေရှေ့မှာ "

ရိပေါ်  " ဘာဖြစ်လဲကွာ ကိုယ့်ယောကျ်ားကိုယ်ခေါ်တာ ဘယ်ကောင်ကိုဂရုစိုက်ရမှာလဲ "

ရှောင်းကျန့် " ဝမ်ရိပေါ် တော်တော့ ထပြန်မယ် "

ရိပေါ်  " ok လေ ကိုယ့်ယောကျ်ားလေးကပြန်ချင်ပြီဆိုမှတော့ ပြန်ကျတာပေါ့ "

အမုန်းဖွဲ့အချစ် 🌸🌸 (Complete)Donde viven las historias. Descúbrelo ahora