Part 16

1.4K 65 0
                                    

အမုန်းဖွဲ့ အချစ်
Part 16

        ထိုညက ရိပေါ်တစ်ညလုံးခြံထဲမှာ ထိုင်နေမိတယ်
သူရင်မဆိုင်ရဲဘူး ရှောင်းကျန့်အပေါ်ထားတဲ့ သူ့ရဲခံစားချက်တွေကို ဖွင့်ဟဖို့

သူသိလိုက်တဲ့အချိန်မှာ အရာအားလုံးကနောက်ကျသွားပြီမလား

အမုန်းတရားကိုရိုးမည်ဖွဲ့ပြီး ဟန်ဆောင်နှိပ်ဆက်ပြရတာလည်း သူပင်ပန်းလှပြီ အဲ့လိုမှမလုပ်ရင် ဒီကောင်လေးနဲ့သူဝေးဖို့ပဲရှိတော့တယ်

အခုတောင် သူ့ကိုထားသွားချင်နေတာမလား

ရိပေါ် ခြဲထဲက ဒန်းလေးပေါ်မှာထိုင်ရင်းအေးစက်တဲဆောင်းညရဲ နှင်းရည်စက်တွေကိုတောင် မေ့လျော့နေခဲ့၏

အကျီၤ လက်တိုလေးဝတ်ထားတဲ့သူ့အဖို့ သေချာပေါက်အေးနေမှာမှန်ပေမယ့် ရင်ထဲကသောကမီးတွေကြောင့် ပူလောင်နေသယောင်

ချင်းချင်း "ကိုကို မအိပ်သေးဘူးလား "

သူ့အတွေးနဲသူမလို့ ခြံထဲကိုညီမလေးရောက်လာတာတောင်သတိမပြုမိ

ရိပေါ် ချက်ချင်း ဒန်းလေးပေါ်မှထကာ ချင်းချင်းရဲ့ဝှီးချဲလေးအနားသွားလိုက်သည်

ရိပေါ် "ဘာလို့ဆင်းလာတာလဲ ညီမလေးရယ်အပြင်မှာအေးတယ်လေ "

ဝှီးချဲလေးဘေးမှာ ဒူးလေးထောက်ထိူင်ရင်းမေးလိုက်၏

ချင်းချင်း " အပြင်မှာဒီလောက်အေးနေမှန်းသိလျက်နဲ့ ဘာလို့အကြာကြီးအနွေးထည်မဝတ်ဘဲ ထိုင်နေရတာလဲကိုကိုရယ် "

သူ့ကို စိတ်မချမ်းသာတဲပုံလေးနဲ့ကြည့်ပြီးပြောလာတဲ့ညီမလေးရဲ့ လက္ကေလးကို သူဆုပ်ကိုင်ရင်း

ရိပေါ်  " အကို ပျင်းလို့ထိုင်နေရုံပါညီမလေးရဲ့ "

ချင်းချင်း " ဟုတ္လို့လားကိုကို ကိုကိုအကိုကျန့်အကြောင်းတွေးနေတာမလား ချင်းချင်းကြည့်နေတာကြာပြီ ကိုကိုကမျက်နှာလည်းမကောင်းသလို သက်ပြင်းတွေလည်းခဏခဏချနေတယ် ဘာတွေစိတ်ညစ်နေတာလည်းကိုကိုရယ် "

လူကြီးလေးတစ်ယောက်ပြောလာတဲ့ညီမလေးရဲ့ နှာဖူးပြေပြေလေးကို တစ်ချက်မွှေးရင်း သူလှည့်စားလိုက်၏

အမုန်းဖွဲ့အချစ် 🌸🌸 (Complete)Donde viven las historias. Descúbrelo ahora