Part 27

1.5K 50 0
                                    

အမုန်းဖွဲ့ အချစ်
Part 27

.
.

     ကျန်းချန်နဲ့ ရိပေါ် အသံလာရာကို ကြည့်လိုက်မိတော့သည်

ကျန်းချန် " မား "

ယွီမိန် " တော်တော့ သား ဒီက ကေလးက သားကျန့်ကိုတွေ့ချင်တာမလား "

ရိပေါ် " ဟုတ်ကဲ့ အန္တီ "

ယွီမိန် " အေးကွယ် တွေ့ချင်ရင်တော့ခဏစောင့်ပါလား သားကျန့်လေးကအပြင်သွားတယ်ကွဲ့ "

ရိပေါ် " ကျန့်ကဘယ်သွားတာလည်း အန္တီ "

ယွီမိန် " သူ့စိတ်တွေကို ငြိမ်းချမ်းစေမယ့်နေရာလေးတဲ့ သူပြောချင်တာတွေကို ရင်ဖွင့်လို့ရမယ့်နေရာကို သွားမယ်တဲ့ "

ဒေါ်ယွီမိန် စကားအဆုံးရိပေါ် ချက်ချင်းထိုနေရာမှ ထွက်ခွာသွားလေသည်

ကားပေါ်အပြေးတက်ရင်း ကားလေးကို ဦးတည်ရာဘက်ကိုကွေ့ကာ အရှိန်ပြင်းပြင်းနဲ့မောင်းနှင်လိုက်၏

ကျန့်ကျန့်အတွက် သွားစရာနေရာဆိုလို့ သူ့အိမ်နဲ့ကျန်းချန်အိမ်ပဲရှိတာလေ ထိုနေရာနှစ်ခုမှာမရှိရင်တော့ နောက်ဆုံးတစ်နေရာပဲကျန်တော့တယ်

..
.
ရိပေါ် " မောင်လာနေပြီကျန့် မင်းဆီကိုမောင်လာပြီ "

..

...

..
ရှောင်းကျန့် ဒီရောက်တာနာရီအတော်ကြာနေပြီမလို့ ခြေထောက်တွေလည်း ထုံကျင်နေ၏

ကိုကိုစိတ်ပူနေမှာသိပေမယ့် ဖုန်းကိုစက်ပိတ်ထားမိသည် တော်ကြာလိုက်လာရင်ဒုက္ခ

သူ့စိတ်တွေတင်းကျပ်နေတိုင်း ဒီကိုလာပြီးရင်ဖွင့်ရင် စိတ်သက်သာရာရပါသည်

ရှောင်းကျန့် အုတ်ဂူလေးကိုတွေတွေလေးငေးနေစဉ် ခေါ်သံတစ်ခုကို ကြားလိုက်ရ၏

" ကျန့် "

ပထမကေတာ့ သူနားကြားလွဲတာ စိတ်ကထင်ယောင်ထင်မှားဖြစ်နေတယ်ပေါ့

ဒါပေမယ့် အဆက်မပြတ်ခေါ်သံကြောင့် သူလှည့်ကြည့်မိလိုက်တော့

ရှောင်းကျန့် " ဟင် 😳"

သူ့ဆီကို အပြေးလာနေတဲ့ ရိပေါ်ကိုတွေ့လိုက်ရသည်
ခဏလေးအတွင်းမှာပဲ ရိပေါ်ကသူ့အရှေ့ကိုရောက်လာတော့ သူလည်းမတ်တပ်ထရပ်လိုက်ကာ ပြန်ဖို့ပြင်လိုက်၏

အမုန်းဖွဲ့အချစ် 🌸🌸 (Complete)Where stories live. Discover now