အမုန်းဖွဲ့ အချစ်
Part 22.
.
တစ်ဟူးဟူးတိုက်ခတ်နေတဲ့ ကန်ရေပြင်ကြီးကို မျက်နှာမူထားတဲ့ ကျန်းချန်တစ်ယောက် မျက်ဝန်းထဲမှာလည်း ခပ်ဆွေးဆွေးပုံရိပ်တစ်ချို့က နေရာယူထား၏ကန်ရေပြင်ကြီးရဲ့ ကုန်းမြေတစ်ဖက်မှာတော့ သစ်သားခုံလေးတစ်ခုက အုံ့အူံ့ဆိုင်းဆိုင်းဗန်ဒါပင်ကြီးအောက်ဝယ် ရှိနေသေးသည်
ထိုသစ်သားခုံလေးပေါ်မှာတော့ ထိုင်နေသူကရှောင်းကျန့်ပင်
မနေ့က ဝမ်ရိပေါ်လာပြောသွားတဲ့စကားတွေကြောင့် သူလည်းစိတ်တွေမွန်းကျပ်နေတာကြောင့် အခုလို ကျန့်ကိုခေါ်တွေ့ရခြင်းပါ
ရှောင်းကျန့် " ကိုကို "
တဖျက်ဖျက်တိုက်နေတဲ့လေတိုးသံတို့ကြားက ကြားလိုက်ရတဲ့အသံချိုချိုလေးကြောင့် ကျန်းချန်အတွေးတစ်ချို့ကို ရပ်ဆဲလိုက်ပြီး ကျန့်ကျန့်ဘက်လှည့်လိုက်သည်
ရှောင်းကျန့် " ကျန့်ကျန့်ကို ပြောစရာရှိတယ်ဆို "
ခုံလေးပေါ်မှ သူ့ကိုကြည့်ကာလှမ်းမေးတဲ့ကောင်လေးကို ကြည့်ရင်း သူပြောရမယ့်စကားတွေကို မပြောဝံ့ရဲ
ကျန်းချန် " ဝမ်ရိပေါ်နဲ့ အဆင်ပြေရဲ့လားကျန့်ကျန့် "
ရှောင်းကျန့် " ပြေပါတယ် ကိုကို "
ကျန်းချန် သက်ပြင်းလေးချမိသည် ဘာလို့ဆိုတော့ အရင်ကသူမေးလိုက်တိုင်း မသက်မသာနဲ့ပြန်ဖြေတတ်တဲ့ ကျန့်ကျန့်က အခုတော့ မဆိုင်းမတွနဲ့ပြန်ဖြေလေတယ်
ကျန်းချန် " ကျန့်ကျန့် အဆင်မပြေရင်ကိုကို့ကို ပြောနော် ကိုကိုသူ့ကိုသွားပြောပေးမယ် နောက်ဆုံးကွာ ပြောမရရင်လက်ပါပါရလိမ့်မယ် "
ရှောင်းကျန့် " အဲ့လိုလျှောက်မလုပ်ပါနဲ့ ကိုကို "
ကျန့်ကျန့်တောင်သတိမထားမိခင်မှာပဲ ကျန့်ကျန့်လေသံမာမာနဲ့ပြောမိလေသည်လား
ရှောင်းကျန့် " ကျန့်ကျန့် သူနဲ့အဆင်ပြေတယ်ကိုကို သူကလည်းကျန့်ကျန့်ကိုအရင်ကလို အနိုင်မကျင့်တော့ဘူး ပြီးတော့သူကျန့်ကျန့်ကို ချစ်...တယ်တဲ့ "
YOU ARE READING
အမုန်းဖွဲ့အချစ် 🌸🌸 (Complete)
Fanfictionအမုန်းဖွဲ့ အချစ် . အမုန်းတရားတွေ အငြိုးတရားတွေကြောင့် လက်ထပ်ဖြစ်ခဲ့တဲ့သူတို့ ချစ်ရသူနဲ့လက်ထပ်ခါနီးမှာ ဝေးကွာခဲ့ရတဲ့ကျောင်းဆရာလေးရှောင်းကျန့် ညီမဖြစ်သူကိုအချစ်ဆုံးပါလို့ကြွေးကြော်ထားတဲ့ ဝမ်ရိပေါ် သူတို့ရဲ့ စိတ်ဝင်စားဖွယ်အိမ်ထောင်ရေးက ဘာတွေဖြစ်လာမှာလ...