Part 19

1.4K 67 6
                                    

အမုန်းဖွဲ့ အချစ် 🌺🌺🌿
Part 19🐰
.
.
.
      
            အချိန်က အရာအားလုံးကိုဆုံးဖြတ်ပေးလိုက်ပါပြီ
အခုဆိုရင် ရိပေါ်ကသူ့ရဲ့အမုန်းတရားတွေကို ကျန့်ကျန့်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ချေဖျက်ပေးလိုက်ပြီ

    ကျန့်ကျန့်ကိုယ်တိုင်ကလည်း အေးအေးချမ်းချမ်း နေချင်သူမလို့ ရိပေါ်ကိုအပြစ်မတင်တော့

အရာအားလုံးပြီးဆုံးသွားပါပြီ
ရိပေါ်က ထိုနေ့ကစပြီး သူ့ကိုယ်သူမောင်လို့သာ သုံးနှုန်းပြီး ကျန့်ကျန့်ကိုတော့ ကျန့်ဟုသာခေါ်တတ်သည်

ရှောင်းကျန့်ကတော့ ရိပေါ်ရဲ့အချစ်တွေကို လက်မခံနိုင်သေးပေမယ့် ရိပေါ်ရဲ့အခုလိုဂရုတစိုက်အပြုမူလေးတွေကို သဘောကျနေမိပြီ

တစ်ခါတစ်လေ မသိစိတ်ကနေရိပေါ်ကိုလက်ခံလိုက်ချင်ပေမယ့် ရှောင်းကျန့် ရဲ့အသိစိတ်တို့က ကျန်းချန်ကိုအားနာခိုင်းနေသည်

ချင်းချင်း " အကိုကျန့် အကိုကျန့် တော်ပါတော့ ရပါပြီချင်းချင်းမညောင်းတော့ဘူး "

အတွေးတွေထဲမြောနေရင်း ချင်းချင်းကိုနှိပ်ပေးနေမိတာ အခုမှအသိပြန်ကပ်တော့သည်

ချင်းချင်းက လေ့ကျင့်ခန်းပြင်းပြင်းလေးလုပ်လိုက်ရင် အခုလိုနာကျင်ပြီး ခြေထောက်တွေကိုက်ခဲနေတတ်သည်

ဒါ့ကြောင့် သူနှိပ်ပေးနေရတာလေ

ရှောင်းကျန့် " သက်သာရဲ့လားချင်းချင်း "

ချင်းချင်း " ဟုတ်အကိုကျန့် "

ဟုတ်ပါသည် ဆေးကုတာကြာလာတော့ ချင်းချင်းအရင်ထက်အဆပေါင်းများစွာပိုတိုးတက်လာပါပြီ

အရင်က ဝှီးချဲနဲ့သာသွားနိုင်ပေမယ့် အခုဆို ဘေးကလူတွဲရုံနဲ့ သွားနိုင်ပါပြီ

တစ်ခါတစ်လေ သုံးချောင်းထောက်လေးနဲ့လည်းလေ့ကျင့်သေးတာ

ချင်းချင်း " အကိုကျန့် ချင်းချင်းလမ်းပြန်လျှောက်နိုင်ရင် ရိရှင်းဆီသွားကြမယ်နော် "

ရှောင်းကျန့် " သွားရမှာပေါ့ ချင်းချင်း ရဲ့ ချင်းချင်းသာလမ်းမြန်မြန်လျှောက်နိုင်အောင်ကြိုးစား "

အမုန်းဖွဲ့အချစ် 🌸🌸 (Complete)Tempat cerita menjadi hidup. Temukan sekarang