Part 20

1.5K 61 0
                                    

အမုန်းဖွဲ့  အချစ်
Part 20

.

    ရှောင်းကျန့် ဒီနေ့တော့ဘာရယ်မဟုတ် ရင်ထဲကခံစားချက်တွေကို ဖွင့်ဟချင်တာနဲ့ ရိရှင်းဆီသွားလိုက်သည်
.
   ကြွေလွင့်နေတဲ့သစ်ရွက်လေးတွေက မြေပြင်ပေါ်မှာတဖျောက်ဖျောက်နှင့်

ရွှေဝါရောင် ငုဝါပန်းခိုင်ကြီးတို့ကလည်း လွမ်းမောဖွယ်ရာ နွေဦးရာသီကကို တင့်စားနေသယောင်

လာနေကျလမ်းလေးဆိုပေမယ့် ဒီတစ်ခါတော့အပြုံးလေးနဲ့လျှောက်လှမ်းလာဖြစ်တယ်

ကျန့်ကျန့် အတွေးစစလေးနဲ့လျှောက်လာလိုက်တာ ရိရှင်းရဲ့အုတ်ဂူလေးနားရောက်သွားလေသည်

ရှောင်းကျန့် " ဟင်😮"

အရမ်းအံ့သြသွားရတဲ့အကြောင်းကတော့ အုတ်ဂူပေါ်က ခြောက်သွေ့နေတဲ့ပန်းစည်းလေးနှစ်စီးကြောင့်ပင်

ကျန့်ကျန့်မှတ်မိတာပေါ့ တစ်ခုကချင်းချင်းကိုယ်တိုင်သူ့ကိုပေးခဲ့တဲ့ ကသစ်ပန်းစည်းလေးလေ ဒါဆိုနောက်တစ်စည်းကရော...

ရှောင်းကျန့် ထိုပန်းစည်းအပြာရောင်လေးကိုကောက်ကိုင်လိုက်ရင်း

ရှောင်းကျန့် " ကိုကိုပဲ တကယ်ပဲကိုကိုဖြစ်နေတာကိုး "

ပန်းစည်းလေးထဲမှာနွမ်းခြောက်နေပြီဖြစ်တဲ့နှင်းဆီနီလေးတို့ကအရောင်တောင်ပြောင်းနေပြီတစ်ချို့ဆိုအပြင်ဘက်ကိုလေနှင့်လွင့်ကာပျံ့ကျဲနေကြသေးသည်

ရှောင်းကျန့်ထိုပန်းစည်းလေးကိုဆုပ်ကိုင်ရင်းမျက်ရည်ကျမိ၏
ပြီးတော့ သူ့စိတ်ထဲမှာလည်းအားနာမှုတွေကပြည့်နှက်နေသေးသည်

ဆုပ်ကိုင်ထားတဲ့နေရာကလည်းခြောက်နေတဲ့နှင်းဆီဆူးလေးတွေကြောင့်ကျန့်ကျန့်လက်ဖဝါးလေးသွေးဆို့ခဲ့ရပြီ

နာကျင်မှုနဲ့အတူကျဆင်းလာတဲ့သွေးစက်ရဲရဲလေးတို့ကအဖြူရောင်ကြွေးပြားပေါ်ဝယ်နေရာယူနေ၏

ရှောင်းကျန့်ထိုနေရာလေးမှာပင်ထိုင်ချလိုက်ရင်းနာကျင်မှုတွေကိုဖွင့်ဟလိုက်သည်

ရှောင်းကျန့် " ရိရှင်းအကိုကတကယ်ကိုမကောင်းတဲ့ကောင်ပဲသိလား ကိုယ့်အပေါ်မှာဂရုစိုက်ကြင်နာပြီးအနွံတာခံခဲ့တဲ့ကိုကို့ကိုကျတော့ ဝေးကွာခဲ့ရတာတောင် ခဏတာပဲဝမ်းနည်းမိပြီး ကိုယ့်ကိုအမြဲရန်လို  မုန်းတီးနေတဲ့လူကိုကျတော့ အရူးအမူးဖြစ်နေတယ်တဲ့လေ .. ဟားဟား 😄"

အမုန်းဖွဲ့အချစ် 🌸🌸 (Complete)Donde viven las historias. Descúbrelo ahora