Part 12

1.4K 71 0
                                    

အမုန်းဖွဲ့ အချစ် 🌺🌺🌿
Part 12🐰

    ရိပေါ် အခန်းထဲဝင်လာတော့ ကုတင်ပေါ်မှာထိုင်ရင်း အတွေးလွန်နေတဲ့ရှောင်းကျန့်ကို တွေ့ရတယ်

သူ့ကိုမြင်တာနဲ့ ရေချိုးခန်းဆီသွားဖို့လုပ်နေတဲ့ ရှောင်းကျန့်လက်ကိုဆွဲရင်း ရိပေါ်တားလိုက်မိသည်

ရိပေါ် "မင်းငါ့ကိုရှောင်နေတာလား ရှောင်းကျန့် "

ခါတိုင်းလိုမာကျောတဲ့လေသံနဲ့ ပြောတာမျိုးမဟုတ်ဘဲ ပုံမှန်သာပြောလိုက်သည်

ရှောင်းကျန့် "ကျွန်တော်မရှောင်ရဲပါဘူး "

သူ့ကိုမကြည့်ဘဲ အပြစ်မရှိတဲ့ကြမ်းပြင်ကိုသာကြည့်ရင်း ပြန်ဖြေ၏

ရိပေါ် "မနေ့ကကိစ္စကြောင့်ငါ့ကို စိတ်ဆိုးနေတာလား ရှောင်းကျန့် "

ဒီတော့မှ သူ့ကိုမော့ကြည့်လာပြီး ပြန်ဖြေလေတယ်

ရှောင်းကျန့် " ကျွန်တော့မှာခင်ဗျားကို စိတ်ဆိုးပိုင်ခွင့်မှမရှိတာ ခင်ဗျားပဲပြောတယ်လေ ကျွန်တော့်ခံစားချက်တွေကို စိတ်မဝင်စားဘူးဆို "

ဒေါသထွက်ပြီးပြန်ဖြေတာမျိုးမဟုတ်ဘဲ ဝမ်းနည်းပြီးပြန်ဖြေတဲ့ကျန့်ကျန့်ကြောင့် သူရင်ထဲပူလောင်လှပြီ

ရှေ့ဆက်ပြောနေရင်လည်း ဒီကောင်လေးကသူ့ကို အပြစ်မြင်မှာစိုးလို့ သူထိုကောင်လေးကို ရင်ခွင်ထဲဆွဲသွင်းကာ ဖက်ထားလိုက်သည်

ခါတိုင်းသူဖက်ရင်ရုန်းနေကျကောင်လေး ဒီတစ်ခါတော့ငြိမ်သက်နေပေတယ်

......မင်း ငါ့ကိုထားခဲ့လို့မရဘူးရှောင်းကျန့် မင်းငါ့ကိုမုန်းလို့ရတယ် စိတ်ဆိုးလို့ရတယ် ဒါပေမယ့်ထားခဲ့လို့တော့မရဘူး ငါလက်ခံမှာမဟုတ်လို့ပဲ .......

သူ့ရင်ထဲကစကားသံတွေကိုတော့ ဒီကောင်လေးမကြားနိုင်ပေမယ့် သူ့ရင်ခွင်ထဲမှာငိုရှိုက်နေတဲ့ကောင်လေးရဲ့ ဝမ်းနည်းမှုတွေကိုတော့ သူသိနေတယ်

🌴🌴🌴

ရှောင်းကျန့် ရိရှင်းဆီသွားဖို့အားလုံးပြင်ဆင်ပြီးနေပြီ တစ်ခုပဲကျန်တော့တယ် ချင်းချင်းဆီသွားဖို့

အမုန်းဖွဲ့အချစ် 🌸🌸 (Complete)Hikayelerin yaşadığı yer. Şimdi keşfedin