အခန်း ၁

7.9K 250 1
                                    


လူတစ်ယောက်ဟာ ကိုယ်ရွေးချယ်လိုက်တဲ့အရာအတွက်
ကိုယ်ကိုယ်တိုင် ကျေနပ်အားရမှုအမြဲတမ်းရှိတက်ကြလား။

အရေးပါတဲ့အရာနှစ်ခုမှာ တစ်ခုကိုပဲ ရွေးချယ်ရတော့မယ်ဆိုလျှင်
စဥ်းစားရမှာတွေကအများကြီးပေါ်လာတော့တာပဲ။

ဦးဏှောက်ကို အလုပ်ပေးပြီး ရွေးချယ်မလား၊ နှလုံးသားနဲ့ရွေးချယ်မလား။
ဖြစ်ချင်တာကိုရွေးမလား ဖြစ်သင့်တာကိုလား။

တကယ်လို့ နောက်တစ်ကြိမ်ပြန်မရနိုင်တော့တဲ့ အခွင့်အရေးဆိုလျှင်ရော ကိုယ့်ရွေးချယ်မှုအတွက် တစ်သက်လုံး
ကျေနပ်ပျော်ရွှင်သွားရမှာ သေချာရဲ့လား။

ကျွန်မကရော?

ကျွန်မရဲ့ရွေးချယ်မှုက ကျွန်မကို တကယ်ပဲ အစစ်အမှန်နဲ့ပျော်ရွှင်နေစေတာရောဟုတ်ရဲ့လား။

ကျွန်မ အခု ပျော်နေရဲ့လား။

* * *

"ဟယ် အိုင်းရစ်ဘရဏီကို!"

"အာ..ကြီးကြီးကလည်း အဲ့ဒီ့နာမည်အရှည်ကြီးကို အစအဆုံးခေါ်ပြန်ပြီ"

ကျွန်မ ညင်သာစွာပြုံးလိုက်ရင်း ခြေကိုစုံရပ်ကာ ကြီးကြီးအားပြန်ပြောလိုက်သည်။

"နေကောင်းတယ်မလားကြီးကြီး"

"ကောင်းတာပေါ့ကွယ်။ အသက်ကကြီးလာတော့လူကြီးရောဂါတော့ ရှိတာပေါ့။ ဒါနဲ့ အလည်ပြန်လာတာလား လမ်းကြီးလျှောက်ရတယ်လို့ကွယ် ဆိုက်ကားလေး ဘာလေးခေါ်တာမဟုတ်ဘူး"

"ခရစ္စမတ်အတွက်ပြန်လာတာ။ ဒီတစ်ခါတော့ တစ်ပတ်ကြိုပြီးပြန်လာလိုက်တာလေ။
ကားဂိတ်နဲ့အိမ်က ဝေးတာမှမဟုတ်တာပဲ ကျွန်မ လမ်းလျှောက်ချင်လို့ပါ"

"အေးပါတော်။ ညည်းမလဲ အမြဲ ဂွကျကျတွေးတယ် သက်သာရာသက်သာကြောင်းမစဥ်းစားတက်ဘူး။
ဒါနဲ့ ငါသွားအုံးမယ် ဈေးက နောက်ကျရင်ဘာမှကျန်တာမဟုတ်ဘူး"

ကြီးကြီးဒေါ်စိန်အေးက ကျွန်မတို့နဲ့ တစ်ရက်ကွက်ထဲပါပဲ။
ကျွန်မတို့အငယ်လေးထဲက ကြီးကြီးအကြောင်းကောင်းကောင်းသိသည်။

My Choice (Completed )Where stories live. Discover now