အခန်း ၂၀

1K 116 4
                                    

" မဟုတ်ဘူး ခေါက်ဆွဲတွေ ရေစိမ်လေ"

"မစိမ်ပဲပြုတ်လိုက်ပါ အချိန်ကုန်အောင်။ ရေစိမ်လည်း ရေနွေးနဲ့ပြန်ပြုတ်ရသေးတာပဲ"

"အေးအေး ။ ပြီးရောဟေ။ ဟိုဘက်က ဂေါ်ဖီတွေမုန်လာဥတွေလှီးပြီးပြီလား"

"ပြီးတော့မယ်။ အချဥ်အတွက် ကြက်သွန်နီက ဘယ်လောက်များများလိုလဲဟင်"

"နည်းနည်းပေါ့ ကြည့်လုပ်လေ။ အဲ့တာက သိပ်ကြာသွားရင် အနံ့တွေထွက်တယ်မကောင်းဘူး"

"ဟိုခေါက်ဆွဲကိုတော့ ပြုတ်ပြီးသားဝယ်တာမဟုတ်ဘူး။ အခြောက်ဝယ်ပြီးများပြန်ပြုတ်ရတယ်လို့ အလုပ်ရှုပ်တာပေါ"

အိမ်ထဲမှာ လူတွေစည်ကားလျက်ရှိသည်။
အမေနှင့် အိမ်နီးချင်းမိသားစုမှ အမျိုးသမီးတချို့၊ ဘုရားကျောင်းမှ အသိမိဆွေတချို့လည်းပါသေး၏။
သူတို့အားလုံးက ခေါက်ဆွဲခြောက်ထုတ်များစွာဖြင့်ကိုယ်စီ အလုပ်ရှုပ်နေကြသည်။

ကျွန်မ သူတို့ကိုကြည့်နေမိသည်။
ကိုယ်အိမ်ထဲမှာပင်ဘာဖြစ်နေမှန်းမသိ။
ညနေသုံးနာရီလောက်ထဲက လူတွေ တရိပ်ရိပ်လာရောက်ကြပြီး မီးဖိုချောင်ထဲ
အလုပ်များနေကြခြင်းဖြစ်သည်။

ကျွန်မသိချင်စိတ်ပြင်းပြနေသော်လည်း အမေရှိနေသည်မို့ ဘာမှမပြောတော့ပဲ အိမ်ရှေ့ထွက်ခဲ့သည်။

ညီမလေးက အိမ်ရှေ့အရိပ်ရသောနေရာ၌ စာပွဲချကာ စာလုပ်နေသည်။

"ညီမလေး"

"ဟင် မမ"

"စာလုပ်နေတာလား နားလည်ရဲ့လား မမရှင်းပြရအုံးမလားဟင်"

"နေပါစေမမ ရတယ်။ သမီးအကုန်နားလည်တယ်။ သြော် ဒီည အိမ်မှာ မိဿဟာရရှိတယ်နော် သိပြီးပြီလား"

"ဟင် ဟုတ်လား မမ မသိဘူး"

ညီမလေးက ဘောပင်ကို နားရွက်ကြားထဲညှပ်လိုက်သည်။
ဒါက သူ့စတိုင်ပဲဖြစ်မည်။

"အိမ်ထဲမှာ လူတွေမတွေ့ခဲ့ဘူးလား။ ဘုရားရှိခိုးပြီးရင်ကျွေးဖို့တဲ့ ခေါက်ဆွဲကြော်နေကြတာလေ။
ဟို လူတွေကိုလည်း ဖိတ်ထားပြီးပြီ။ အကိုကြီး မနက်က လိုက်ဖိတ်ပေးတယ်လို့ပြောတာပဲ"

My Choice (Completed )Où les histoires vivent. Découvrez maintenant