အခန်း ၈

1.2K 127 1
                                    


"အာ..သမီးလက်မခံပါရစေနဲ့။
အဲ့တာက အစစ်ကြီး"

မျက်စိရှေ့ တွဲလောင်းကျလာသော ရွှေရောင်ဆွဲကြိုးအမျှင်တန်းလေးတစ်ခု။
တခြမ်းပဲ့လက်သည်းခွံခန့်ရှိသော အသည်းပဲကလေးက တဝက်သာပါသော မြားလေးနဲ့။

"အဲ့လောက်မဟုတ်ပါဘူး။ ယူလိုက်ပါ အိုင်းရစ်ရဲ့ ဒီမှာကြည့်"

"အယ်..တူတူပဲ"

သရ လည်ပင်းမှာရှိသော ပုံစံတူ ဆွဲကြိုးကလေး။
သရအဖေက စာမေးပွဲအောင်တာကြောင့် ကျွန်မနှင့် သရကို ပုံစံတူ ဆွဲကြိုးကလေးလက်ဆောင်ပေးခဲ့သည်။

"မတူပါဘူး။ ဒီမှာသေချာကြည့် နှစ်ခုပေါင်းမှ တစ်ခုဖြစ်တာ"

ဘေးချင်းကပ်ကာ ယှဥ်ကြည့်တော့
တစ်ခြမ်းပဲ့ အသည်းပုံလေးနှင့် တစ်ပိုင်းပြတ် မြှားလေးက
ပြည့်စုံသွား၏။

အသည်းပုံလေးကို တစ်ဖက်တစ်ချက်စီတွင် မြှားဖြင့်ထိုးစိုက်နေသော ပုံလေးက ချစ်စရာ။
ခွဲထားလိုက်တာ ရက်စက်တာပဲဟု အူကြောင်ကြောင် ကျွန်မ တွေးမိသွားပြိးမှ ရယ်မိရပြန်သည်။

"ယူပါသမီးရယ်။ အရမ်းဈေးကြီးတာမှမဟုတ်ပဲ။ သမီးတော်လို့ အန်ကယ်က ဂုဏ်ပြုတာ"

သရက ယူကာ ကျွန်မလည်တိုင်တွင် ဆွဲပေးလာတော့ ဆက်မငြင်းသာတော့ပါ။

သရကိုယ်တိုင် တယုတယ ဆွဲပေးခဲ့ဖူးသော ထိုရွှေဆွဲကြိုးမျှင်ကလေးအား
ကျွန်မ ဘဝနှင့်ထပ်တူ တန်ဖိုးထားကြောင်း ကျွန်မကိုယ်ကျွန်မ ရိုးသားစွာဝန်ခံပါသည်။
သို့သော် သရကတော့ သူကိုယ်တိုင်ဆွဲပေးခဲ့ခြင်းအတွက် သူကိုယ်သူ့လက်နှင့် ရက်စက်စွာ ဆွဲဖြတ်ခြင်းပြုမည်ဆိုတာကို ကျွန်မရောသရပါ ကြိုမသိခဲ့ရပါ။

လည်တိုင်ပေါ်အေးခနဲဖြစ်သွားသောခံစားချက်နှင့်အတူ
မျက်နှာချင်းဆိုင်နေ၍ ကျွန်မဂုတ်နောက်ဆီ ဆွဲကြိုးတပ်ဆင်ပေးနေတာကြောင့် မျက်နှာနှစ်ခု နီးကပ်သွားသောအခါ
ကျွန်မအကြည့်တို့က ရဲဝင့်စွာ သရနှင့်ရင်ဆိုင်ရသည်။
အကြည့်စူးသော သရမျက်ဝန်းညိုညိုတို့က ညှို့အားပြင်းသလိုရှိသည်။
လည်တိုင်ပေါ်မှ အအေးဓာတ်နှင့်အတူ
သရအကြည့်တွေမှသည် ကျွန်မတစ်ကိုယ်လုံးမှာရှိသော သွေးကြောလေးတွေဆီအထိ ရွေ့လျားစီးဆင်းသွား၏။မသိမသာ ကျွန်မ ကိုယ်ထဲမှ စွမ်းအားတစ်ခုက ရုန်းကြွလာသည်။

My Choice (Completed )Tahanan ng mga kuwento. Tumuklas ngayon