အခန်း ၁၄

1K 116 3
                                    


အမြင်ကွဲလွဲမှုတွေ၊
သဘောထားမတိုက်ဆိုင်တက်တာတွေ၊ အယူအဆမတူညီတာတွေကို သရနှင့် ကျွန်မ အမေကြားတွင် တွေ့ခဲ့ရသည့်နေ့တစ်ရက်ကို အောက်မေ့သတိရမိပါသေးသည်။
ပုစ္ဆာတစ်ပုဒ်ကို အတူအဖြေရှာနေကြပါလျက် လမ်းလွဲကာ ဆန့်ကျင်ဘက်အဖြေများ ထွက်လာကြတက်သောသူတို့နှစ်ဦးသည် ပထမဆုံးအကြိမ် နှစ်ဦး၏ စိတ်ထဲတို့၌ အစိုင်အခဲတစ်ခုခုကို ရရှိသွားခဲ့ကြပေလိမ့်မည်။

ထိုနေ့ညက သရဖေဖေမှာ ဆေးရုံကြီး၌ ညဂျူတီကျတာကြောင့် သရက ကျွန်မတို့အိမ်တွင်ညလာအိပ်သည့်နေ့ဖြစ်၏။
ခါတိုင်းဆို ကျွန်မကို သူ့အိမ်ခေါ်အိပ်တက်သော သရသည် ထိုနေ့ကမှ ထူးထူးခြားခြား ကျွန်မအမေထံခွင့်တောင်းကာ အိမ်တွင် လာအိပ်ခဲ့သည်။
အစပိုင်းတုန်းက စကားပြောကာ အဆင်ပြေ ရယ်မောနေခဲ့ကြသော်လည်း
ညဘက် မိသားတစ်စုလုံး အိမ်ရှေ့ခန်းတွင်ထိုင်ကာ ရုပ်ရှင်တစ်ခုကို ဝိုင်းကြည့်နေခဲ့ကြချိန်တည်း။

ထိုဇာတ်လမ်း၏အမည်ကို ကျွန်မ မမှတ်မိတော့သော်လည်း
ဂျူးလူမျိုးတို့ ရက်စက်စွာ သတ်ဖြတ်ခံကြရခြင်းအကြောင်းဖြစ်တာကိုတော့ ကောင်းစွာမှတ်မိနေပါသေးသည်။

လူတွေကို အရွယ်အစားမရွေး ကလေးလည်းမရှောင် အဆိပ်ငွေ့ပေးပြီး အရှင်လတ်လတ်မီးရှို့သတ်တာတွေ၊
မွေးကင်းစကလေးတွေကို အပေါ်ကိုမြှောက်တင်ကာလက်တည့်စမ်းသည့်သဘော သေနတ်ဖြင့်ပစ်ကစားနေကြပုံတွေ ကို ကြည့်လျက် ကျွန်မက
မနေနိုင်စွာ ကောက်ချက်တစ်ခုကို ချလိုက်မိသည်။

ထိုနေ့က ရုတ်ရှင်ကြည့်တိုင်း မနေနိုင်မထိုင်နိုင် လျှာရှည်တက်လွန်းသည့် ကျွန်မကိုယ်ကျွန်မ
စိတ်တိုဒေါသဖြစ်မိသည်။

"ရက်စက်လိုက်တာ .. ဘုရားသခင်ကဘာလို့ဒီလိုဖြစ်စေရတာလဲ"

ကျွန်မအပြောကို သရက ဘာမှမစဥ်းစားပဲ အဖြေတစ်ခုကို လွှတ်ခနဲ ပေး၏။

"ဘုရားသခင်က တကယ်ရောရှိရဲ့လား"

ထိုအခါ အမေသည် သရကို ချိုသာစွာပြုံးပြ၏။

"ရှိတာပေါ့ကွယ်။ ဘုရားသခင်ကြောင့် တို့တွေ လူဖြစ်လာခဲ့ကြတာပေါ့။
ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် တို့တွေ ဒီလိုမခံစားကြရပဲ ကောင်းကောင်းအသက်ရှင်ခွင့်ရကြတာပေါ့"

My Choice (Completed )Où les histoires vivent. Découvrez maintenant