Extra (Unicode )

3.2K 194 10
                                    

သူမနိုးလာတော့ မျက်လုံးတစ်စုံ မဖွင့်ရသေးမီ ဘေးက နေရာလွတ်တစ်ခုကို လက်နှင့် စမ်းမိ၏။
သူမ မျက်မှောင်ကြုတ်လိုက်မိပြီး မျက်စိတို့ကိုပွတ်သပ်ကာ ဖွင့်ကြည့်လိုက်တော့ နေ့တစ်ဝက်ပင်ကျိုးနေပြီလားမသိ။
ပြတင်းပေါက်လိုက်ကာစမှ အလင်းရောင်က အိပ်ခန်းထဲ အတင်းတိုးဝင်စပြုနေပြီ။
သူမထလာပြီး လိုက်ကာဆွဲဖွင့်လိုက်၏။
ပြတင်းပေါက်တစ်ချပ်ကိုဆွဲဖွင့်တော့ ဆောင်းရဲ့အငွေ့အသက်အနည်းငယ်ကိုစတင်ခံစားမိသည်။

ဆောင်းဦးရဲ့လေပြေကြောင့် သူမဆံပင်လှိုင်းတွန့်တွေက လွင့်ပျံကုန်ကြ၏။နှာဖျားဝမှရှူသွင်းလိုက်မိသောလေသည် သူမအတွင်းစိတ်တွေထဲအထိ အေးမြလန်းဆန်းခြင်းကိုပေးသည်။
သူမရင်ခုန်သွား၏။
ဒီအငွေ့အသက်တွေ၊ ဒီရင်ခုန်သံတွေဟာ ဟိုးတုန်းကလိုပဲ ဘယ်နေရာရောက်ရောက်၊ဘယ်ဘဝတွေပဲရောက်ရောက် ဘယ်တော့မှပြောင်းလဲသွားလိမ့်မည်မထင်။

ကော့ညွှတ်နေသော မျက်တောင်ကလေးများ မှေးစင်းသွားသည်အထိ
လေအေးအေးလေးကို ခေတ္တမျှ ခံစားပြီးနောက် အဲကွန်းပိတ်ဖို့သတိရသည်နှင့် ရီမုကိုယူကာပိတ်၏။
ထို့နောက် အခန်းမှထွက်ကာ အောက်ထပ်ဆီ ဆင်းခဲ့၏။

လှပဖြူနုသော သူမခြေလှမ်းများသည် နူးညံ့ခြင်းအတိပြီး၏။
သာယာခြင်းအတိပြီး၏။
သူမလှမ်းလာသော ခြေလှမ်းတိုင်းမှာ အားအင်တွေပြည့်နေ၏။

သူမအောက်ထပ်မရောက်မီပင် မိန်းကလေးတစ်ဦး၏ ကီးကြောင်နေသော သီချင်းသံကို ကြားလိုက်ရသည်။
သူမ ခြေလှမ်းများတုံ့ခနဲရပ်ကာ နှုတ်ခမ်းမှ တွန့်ကွေးပြုံးမိသွား၏။

သူမသီချင်းသံလာနေသော မီးဖိုချောင်ဘက်ဆီ လျှောက်လာခဲ့သည်။
ရေခဲသေတ္တာထဲမှ အေးခဲနေသော ရေသန့်ဘူးကိုထုတ်ယူကာ လောလောလတ်လတ်ကမှ ဆေးထားဟန်တူသော ဖန်ခွက်တစ်လုံးထဲ သွန်ထည့်လိုက်သည်။
သို့သော် သူမအကြည့်တွေက သီချင်းဆိုနေသော မိန်းကလေးဆီတွင်သာ။

အေပရွန်ကိုဝတ်ဆင်လျက် သူမကိုကျောပေးထားပြီး နားကြပ်နှင့်ဖုန်းကို တန်းလန်းတပ်ကာ ဖုန်းကိုအေပရွန်အိတ်ကပ်ထဲထည့်ထား၏။
နား၌နားကြပ်တပ်ထားလျက်ကပင် သီချင်းကိုလိုက်ဆိုနေပုံရ၏။
ကျောပေးထားတာကြောင့် မိန်းကလေးသည် သူမရောက်လာသည်ကိုပင်သတိမပြုမိ။

My Choice (Completed )Tahanan ng mga kuwento. Tumuklas ngayon