အခန်း ၂၄

1.1K 117 3
                                    


"ဘာပြောလိုက်တယ်။ လမ်းခွဲရအောင် ဟုတ်လား "

"အင်း။ ဟုတ်တယ်"

"ဟား ။ အဟား လာနောက်နေတယ်။
ဒါနောက်စရာမဟုတ်ဘူးကိုရဲ့။ ဒီလိုအခြေအနေတွေဖြစ်လာဖို့ တို့ဘယ်လောက် နာကျင်ခဲ့ရလဲ။ ဘယ်လောက်ကျော်ဖြတ်ခဲ့ရလဲ မေ့သွားပြီလား ဟမ်"

"မမေ့ပါဘူး။ ကိုယ်တို့ ဒီအခြေအနေမှာပဲရပ်နေမှာမှမဟုတ်ပဲ။ နောက်နေတာလည်းမဟုတ်ဘူးသရ။
ရှေ့ဆက်ပြီးရှင်သန်ကြရအုံးမှာ။
သရဘက်မှာ ရပ်တည်ပေးမယ့် အဖေရောအမေရောရှိတယ်။ ပတ်ဝန်းကျင်ကိုလည်းဂရုစိုက်စရာမလိုအောင် ပြီးပြည့်စုံနေတဲ့သူ။
ဒါပေမယ့် ကိုယ်က.."

"ဘာလဲ ဘာတွေအတွေးကြောင်နေတာလဲ။ အဲ့တာနဲ့ပဲလမ်းခွဲစရာလား။ ဒယ်ဒီရောမာမီရောက တို့နစ်ယောက်ဘက်မှာရှိနေတယ်လို့"

"ဟင့်အင်း မတူဘူးသရ။
ငါ ငါ့မိသားစုနဲ့ ဒီလိုပုံစံကြီးနဲ့ ဆက်ပြီးနေရရင် ပျော်မှာမဟုတ်ဘူး"

"ဒါဆို တို့ကရော"

ကျွန်မ ပြောစရာတွေ ပြောချလိုက်ချင်ပေမယ့် ဝမ်းနည်းစိတ်တို့ ဆောင့်တက်လာတာကြောင့် မေးကိုမော့ကာ အရှိန်ယူလိုက်ရသည်။
ကောင်းကင်ပြင်ကြီးသည် အုံ့မှိုင်းကာနေ၏။

သရဆီမှ ရှိုက်သံကြားနေရသည်။
ခေါင်းကို အောက်စိုက်ထားပေမယ့် သူ့မျက်လုံးတွေက သံလမ်းပေါ်မှာရှိမနေ။

"တို့မရှိပဲတော့ ပျော်နိုင်တယ်ပေါ့ ဟုတ်လား။ တို့ကတော့ ကိုမရှိပဲ ဘယ်လိုမှ ကောင်းကောင်း ရပ်တည်နိုင်မယ်မထင်ဘူး"

"ကိုယ်တို့တွေ သူငယ်ချင်းတွေလိုပဲ..."

"တော်စမ်းပါ အဲ့ခေါင်းစဥ်ကြီး။ အစထဲက ကို့ကို သူငယ်ချင်းလို ပတ်သက်ခဲ့တာမဟုတ်ဘူးလို့ တို့ပြောထားပြီးသားလေ။ မေ့သွားပြီလား။
ကို..ကိုဘာလို့ ဒါကို ကလေးကစားသလို လွယ်လွယ်ပြောထွက်ရတာလဲ ဟင်ဘာလို့လဲ ဘာလို့လဲလို့!"

လက်တစ်ဖက်ကို လှုပ်ကိုင်ယမ်းကာ အော်မေးနေသည်။

လူ့သဘောသဘာဝအရ လူတွေသည် စိတ်တိုစိတ်ကုန်လာကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ရှိနေစဥ်ပင် ဝေးကွာသွားတက်ကြသတဲ့။
ဒါကြောင့်ပဲ သူတို့ဟာ အော်ကြီးဟစ်ကျယ်ပြောဆိုလေ့ရှိကြတယ်လို့ ကျွန်မ ကြားဖူး၏။

My Choice (Completed )Donde viven las historias. Descúbrelo ahora