အချစ်နဲ့ဝေးလို့
အလွမ်းဒုက္ခပင်လယ်ထဲမှာ
လက်ပစ်ကူးနေရပြီပဲ
ရွာသာရွာပါ မျက်ရည်မိုး။
"မမ မမ ထအုံး မမသရဖီကို ရောက်နေတယ်""..."
"မမလို့"
ညီမလေး၏ တိုးလျသောခေါ်သံကြောင့် အိပ်ပျော်နေရာမှ ကျွန်မ လန့်နိုး၏။
ငေါက်ခနဲထထိုင်လိုက်ပြီး မယုံသလို ညီမလေးကိုစိုက်ကြည့်လိုက်သည်။"မမသရဖီကို ရောက်နေတယ်အပြင်မှာ အဲ့တာအမေက အိမ်ထဲအဝင်မခံဘူး ။အမေနဲ့ မမသရဖီ စကားများနေလားမသိဘူး အသံတွေကြားနေရတယ်"
ကျွန်မ ညီမလေးကိုဘာမှပြန်မပြောပဲ အိမ်ရှေ့ဆီအပြေးထွက်ခဲ့သည်။
ခြံတံခါး၏တစ်ဖက်တွင် သရက ရပ်နေပြီး ဒီဘက်မှာ အမေက တင်းမာသောမျက်နှာဖြင့်ရပ်နေ၏။"အမေ.. သရ.."
"ဘာထွက်လာတာလဲ သွားအထဲပြန်ဝင်။
ဒီမှာ သရဖီ အန်တီက ဘာလို့ပေးမတွေ့တာလည်းဆိုတာ သမီးနားလည်ရင် သိပ်ကောင်းမှာပဲ ""သမီးလည်း ဘာလို့ ဒီရှေ့မှာ နာရီနဲ့ချီပြီးလာရပ်နေတာလဲဆိုတာ အန်တီနားလည်ရင်သိပ်ကောင်းမှာပဲ"
သရ မျက်ရည်များစီးကျလျက်ရှိသည်။
သို့သော်သရသည် ကျွန်မနှင့်မတွေ့ရသေးပဲ ပြန်မသွားဖို့ဆုံးဖြတ်ထားဟန်ရှိသည်။"အမေ သူ့ကိုအိမ်ထဲခေါ်လိုက်ပါ ။ ခြံဝကြီးမှာ လူမြင်လို့မကောင်းပါဘူး။
သမီးတို့စကားသေချာအေးဆေးပြောရအောင်လေနော် တောင်းပန်ပါတယ် အမေရယ် နော်"အမေ့လက်မောင်းကို ကိုင်ကာ အတင်းတောင်းဆိုတော့အမေက တံခါးကိုဖွင့်ကာ သရကို ဝင်ခွင့်ပြု၏။
အမေသည် တံခါးဖွင့်ပြီးသည်နှင့် တစ်ပြိုင်နက် အိမ်ထဲရှေ့မှဝင်သွားတော့သည်။
သရက ကျွန်မဆီပြေးလာကာ ခါးကို တအားဖက်ထား၏။ဖက်တွယ်ထားသော သူ့လက်များကိုဖြေချလိုက်ဖို့ပင် ကျွန်မ အားအင်တွေလျော့ကုန်ရသည်။
သူ့လက်များကိုဆုတ်ကိုင်ဖို့ကြိုးစားနေသော ကျွန်မလက်တို့က သူ့ကိုယ်ကလေးကို ပြန်လည်ဖက်လိုက်မိသည်။လွမ်းလိုက်တာ။
မတွေ့ရတာ ရက်ပိုင်းကလေးကို လွမ်းလိုက်တာ သရရယ်။
![](https://img.wattpad.com/cover/305153785-288-k830308.jpg)
VOUS LISEZ
My Choice (Completed )