အခန်း ၁၈

978 109 3
                                    


ကျွန်မအတွက် အခြေအနေတွေဟာ ရှုပ်ထွေးရင်းရှုပ်ထွေးလာခဲ့၏။
မိသားစုနဲ့အချစ်၊ အချစ်နဲ့အပြစ်။
ပြီးတော့ မိသားစုဂုဏ်သိက္ခာနဲ့ သရရဲ့အတိတ်ကဒဏ်ရာတွေ။

ကျွန်မရဲ့ လွန်ဆွဲနေသည့် ဦးဏှောက်နဲ့ နှလုံးသား။

လူဆိုတာ ရွေးချယ်စရာတွေအမြဲရှိတက်ကြစမြဲပဲတဲ့။
ကျွန်မအတွက်ရွေးချယ်စရာဟာ ဦးဏှောက်နဲ့နှလုံးသားဖြစ်လာတဲ့အခါ
တစ်ခုခုကိုဖမ်းဆုတ်ထားပြီး တစ်ခုခုကိုလွှတ်ချလိုက်ရမည့်အဖြစ်တစ်ခုမှာ ကျွန်မနှလုံးသားကိုလည်း လွှတ်ချမထားခဲ့နိုင်သလို ဦးဏှောက်နဲ့လည်း သေချာဆုံးဖြတ်ချင်ပါသည်။

သို့သော်လည်းပေါ့လေ။

တစ်ခါတလေ
ကံကြမ္မာဟာ တချို့အဆင်ပြေနေတဲ့အရာတွေကို ကပြောင်းကပြန်ဖြစ်အောင် ကျီစားသန်တက်သေးသည်။

ကျွန်မက အသက်၂၀ပင်မပြည့်သေးသော တနည်းအားဖြင့် ဒေါက်တာရှင်းသန့်ပြောခဲ့သလို ချာတိတ်မကလေးတစ်ယောက်အနေနဲ့ ဖြစ်နေဆဲဆဲရှိသည့် ပြဿနာအလုံးစုံကိုရင်ဆိုင်ဖို့ မဖြစ်နိုင်။

"သမီးအနေနဲ့ အခုချိန်မှာ မိသားစုကိုရင်ဆိုင်နေရမှာသိပါတယ်။ သမီးတို့နှစ်ယောက်ကိစ္စကို ရပ်ခိုင်းဖို့လည်းဖိအားပေးခံချင်ခံနေရနိုင်တယ်။
ဆိုတော့ အန်ကယ်ပြောချင်တာက ဘယ်လိုအကြောင်းတွေပဲဖြစ်လာဖြစ်လာ အန်ကယ်ကအန်ကယ့်သမီးဘက်ကရပ်တည်မှာမို့လို့ သမီးဘရဏီဘက်က ဖြစ်နိုင်ရင် အန်ကယ့်သမီးကိုရော နည်းနည်းလောက်ဖြစ်ဖြစ်ထည့်တွေးပေးစေချင်ပါတယ်။
သူဘယ်လိုအကြောင်းမျိုးနဲ့မှ နာကျင်နေတာကို အန်ကယ်ရောသူ့မာမီရောမမြင်ရက်ဘူး။
သူ့ကိုပျော်စေချင်တယ်ကွာ"

ဦးရှင်းသန့်အိမ်ကထွက်မလာခင် သူပြောခဲ့သည့်စကားဖြစ်၏။
သူ့သမီးအတွက်အရာရာပုံအောထားခဲ့သည်တိုင် ကျွန်မနဲ့ကိစ္စကိုပင် လက်ခံပေးနိုင်သည်အထိသဘောထားကြီးသော အဖေတစ်ယောက်။
အဖေတစ်ယောက်အနေနဲ့တောင် လက်ခံပေးနိုင်ရင် ကျွန်မအမေက ဘာလို့လက်ခံမပေးနိုင်ရတာလဲ။

'အမေက ခရစ်ယာန်ဖြစ်နေလို့ပေါ့'

ကျွန်မအထဲက တစ်ခုခုက ပြန်အော်ပြောနေတာကြားရသည်။
အေးလေ ။
အမေက ယုံကြည်သူဖြစ်နေခဲ့လို့ပေါ့။ ဒါပေါ့။
ဘုရားကလည်းချစ်တာကိုအပြစ်မြင်မယ်မထင်ပါဘူး။
ဟုတ်တယ်မလား။

My Choice (Completed )Tempat cerita menjadi hidup. Temukan sekarang