အခန်း ၇

1.1K 128 1
                                    


အစောပိုင်းမှာတော့ သရနဲ့စကားပြောလိုက်၊ သရဂစ်တာတီးတာနားထောင်လိုက်နဲ့
အဆင်ပြေနေတာပဲ။
တဖြည်းဖြည်း ညဥ့်နက်လာတော့ စိတ်က လှုပ်ရှားလာခဲ့ပြီ။
အောင်စာရင်းဆိုတဲ့ အထဲ ကျွန်မနာမည်နဲ့သရနာမည်ပါလာပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကရေချိန်တက်လာသည်။

အကောင်းဆုံးဖြေနိုင်ခဲ့ကြပေမယ့် ဘဝရဲ့အရေးကြီးတဲ့အချိုးအကွေ့တစ်ခုကို ရင်ခုန်စွာစောင့်နေခဲ့ရသည်။
တစ်ညလုံး ကျွန်မရောသရရောအိပ်မပျော်ခဲ့ကြပါ။
သရအဖေကို ညထဲကခုံနံပါတ်တွေ ဘာတွေသေချာပြောထားတာကြောင့်
သရအခန်းမှာအိပ်နေရင်း နှစ်ယောက်စလုံးအိပ်မပျော်ခဲ့ကြ။

"အောင်မယ် မဟုတ်လား"

ကျွန်မက မေးတော့ ပက်လက်အနေထားဖြင့် သရဆီက အသက်ရှုသံယဲ့ယဲ့ကို ကြားနေရသည်။

"ဒါပေါ. အဟင်း"

ဂုဏ်ထူးတွေမမှန်းရဲပေမယ့် အောင်လိမ့်မည်ဟု ကျွန်မယုံကြည်သည်။
အမှတ်ကောင်းရမည်။
အမှတ်ကောင်းရင် မြန်မာစာ ဂုဏ်ထူးတန်းတက်ရမှာက ကျွန်မ၏ မျှော်လင့်ချက်ပဲဖြစ်သည်။

ဒါပေမယ့်....

"လာ တခြားဟာတွေမတွေးနဲ့ ဖြစ်လာသမျှ လက်ခံရမှာပဲ အခု တို့ အိုင်းရစ်ကို အလှပြင်ပေးမလို့"

"ဟင်း! ညကြီးကို"

"ညကြီးမို့လို့ပေါ့ အခုကအစမ်းပြင်ပေးကြည့်မှာ
နောက်မှ အိုင်းရစ်အတွက် လိုက်ဖက်မယ့်ပုံစံကို သေချာလေးပြန်ချိန်းပေါ့ မဟုတ်ဘူးလား"

ကျွန်မ လက်လျော့ပေးရင်းခေါင်းညိတ်ပြလိုက်မိသည်။
အောင်စာရင်းကြောင့်ခုန်နေသည့်စိတ်ကို ထိန်းချုပ်ရန်
ကျွန်မ တခြားအရာတစ်ခုဆီ အာရုံပြောင်းထားဖို့လိုပြီထင်သည်။

သရက ညဝတ်အိပ်ဂါဝန်အပါးတိုတိုလေးတတ်ထားပြီး
ကျွန်ကတော့ ခပ်ပွပွ ဘောင်းဘီရှည်အကွက်ကြီးနဲ့ မျက်မှန်အထူကြီးတပ် ဆံပင်ကို ဖရိုဖရဲစည်းထားပြီး
ရိုးရိုးတီရှပ်ကလေးနဲ့ အရုပ်ဆိုးဆိုးလူညိုမလေး။

"ထိုင်လိုက်"

သရကသူ့ရဲ့ မှန်တင်ခုံရှေ့ထိုင်ကျွန်မကို ထိုင်စေလိုက်ပြီး
ကျွန်မအနောက်မှရပ်ကာ ကျွန်မပုခုံးပေါ်ကို ကျော်ကာ လည်ပင်းကို သိုင်းဖက်သလို တွယ်လျက် အနောက်မှနေကာ မှန်ထဲကကျွန်မမျက်နှာကို ကြည့်လာသည်။

My Choice (Completed )Where stories live. Discover now