အခန်း ၁၅

1K 109 1
                                    

ဘုရားသခင်ဖန်ဆင်းတော်မူစက ယောကျ်ားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။
ထိုအကြောင်းကြောင့် ယောကျ်ားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်။

ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏။

"အခုချိန်မှာ သူတို့သားနဲ့ အရံများ ကြွရောက်လာမှာဖြစ်တယ်။
အဲ့တော့ ပရိတ်သတ်များအားလုံး ကျေးဇူးပြု၍ မတ်တပ်ရပ်ပေးပါ"

သင်းအုပ်ဆရာ၏ ပြတ်သားသော မိန့်မြွတ်စကားသည် ကြည်လင်ခန့်ညားလျက်ရှိသည်။

လူတွေကလည်းတိတ်ဆိတ်စွာနားထောင်နေကြ၏။
ဆရာ၏ရှေ့သို့ သတို့သားက တဖြည်းဖြည်း ရောက်ရှိလာခဲ့၏။
မျက်နှာတွင် ပျော်ရွှင်ကြည်နူးခြင်းက ဖုံးမနိုင်ဖိမနိုင်သိသာနေသည်။

သတို့သား.. အင်း တနည်းအားဖြင့် ကျွန်မအကိုကြီးပေါ့။
တချိန်က သိပ်ချစ်ခဲ့ဖူးသော ဘာသာမတူလို့ လမ်းခွဲခဲ့ရသော သူ့ရည်းစားဟောင်းရော ဘုရားကျောင်းခန်းမထဲရှိနေမလားကျွန်မမသိပါ။
အကိုကတော့ ပျော်ရွှင်နေပုံရပါသည်။
သူတကယ်ပျော်နေတာဟု ကျွန်မထင်ပါသည်။

ကျွန်မ ခါးကို တံတောင်ဆစ်နဲ့တို့နေတာကိုခံစားမိတာကြောင့်ဘေးကိုငဲ့ကြည့်လိုက်သည်။

အဖြူရောင်ဂါဝန်ကလေးဖြင့် ရှင်းသန့်သရဖီကိုက
သတို့သမီးအရံမလေးသဖွယ် လှချင်တိုင်းလှနေသည်။

"ဘာလဲ.."

"အိုင်းရစ် အဲ့ဆရာပြောနေတဲ့စကားတွေမှတ်ထားနော်"

"ဘာလုပ်မလို့လဲ"

"နောက်ကျသိမှာပေါ့"
သတို့သမီး လျှောက်ဝင်လာမှာကို မတ်တပ်ရပ်လျက်စောင့်ကြည့်နေရင်းမှ
ကျွန်မနှင့်သရက တီးတိုးပြောနေကြ၏။

Here comes the bride တေးသံက ဘုရားကျောင်းထဲ ပျံ့လွင့်လာသည်။
ထိုအခါ ဘုရားကျောင်း၏တံခါးမကြီးရုတ်တရက်ပွင့်လာ၏။
တဖြည်းဖြည်းလျှောက်ဝင်လာသည့် ပန်းကြဲသော အသက်ငါးနှစ်အရွယ်ကလေးနှစ်ယောက်၊
နောက်တွင်တော့ လက်ထပ်လက်စွပ်ကိုင်သော ကလေးနှစ်ဦး၊
သတို့သမီး အရံနှစ်ဦး ထို့နောက်မှာတော့ အားလုံးရင်ခုန်စွာစောင့်မျှော်နေကြသော သတို့သမီးက ဖြည်းညင်းစွာဝင်လာ၏။
သတို့သမီး အဖေ၏လက်ကို သတို့သမီး က ချိတ်ထားသည်။
မျက်နှာက အောက်သို့အနည်းငယ်ငုံ့ထားသည်။
မျက်နှာသို့အုပ်ထားသော ပုဝါပါးပါးအောက်မှ ပြုံးရွှင်သော မျက်နှာလှလှ ကျက်သရေရှိသော အပြုံးတစ်ခုကိုဆင်လျက်။

My Choice (Completed )Où les histoires vivent. Découvrez maintenant