အခန်း ၂၅

1.2K 115 4
                                    

***ပစ္စုပ္ပန်ကာလ ဒီဇင်ဘာ...၂၅ ရက်နေ့ည မင်္ဂလာလက်ထပ်ပွဲအဝင်နေ့။ ၂၀၁၇***

ဘေးမှသက်ပြင်းချကိုကြားရသည်။
ကျွန်မဘာမှမပြောတော့ပဲ နှုတ်ဆိတ်နေသည်မှာ အအေးဒဏ်ကြောင့်ဖြစ်ပါသည်။
သို့မဟုတ် တခြားအကြောင်းကြောင့်လည်းပါမယ်ထင်ပါသည်။

"အဲ့ဒီ့နောက်ဘာဆက်ဖြစ်လဲ တခြားလူနဲ့ လက်ထပ်သွားခဲ့တာလား"

ကျွန်မ ပြုံးမိသည်။
အေးလွန်းသောကြောင့် အပြုံးမှာနာကျင်ရသည်။
ကျွန်မ ဘာမှမပြောပဲ မတ်တပ်ထရပ်လိုက်တော့ သူက မော့ကြည့်သည်။

"ဟင်း..ကောင်းခန်းရောက်မှ တန်းလန်းကြီး"

"ဒီလိုပဲ ဝေးခဲ့ကြတယ်ဆိုပါတော့။ အရမ်းနောက်ကျပြီ။ ပြန်ကြရင်ကောင်းမယ်"

"မမကို တကယ်ပဲမချစ်ခဲ့ဘူးလား"

ကျွန်မ ဘာမှပြန်မဖြေမိပါ။

ညသည် အအေးပိုလွန်းခဲ့သည်မှာ
ဆယ်စုနှစ်နီးပါးကြာခဲ့ပြီ။

*****my choice****

ကျွန်မတို့ မနက်စာကို ထမင်းကြော်စားဖြစ်ကြသည်။
ကြက်ဥနဲ့ထမင်းကို ခရုဆီသုံးပြီးကြော်သော အမေ့လက်ရာထမင်းကြော်မှာကျွန်မတို့အကြိုက် မနက်စာဖြစ်ခဲ့သည်။

ကလေးတွေရော၊ အကိုတို့မိသားစုရော၊ညီမလေးတို့ရောကြောင့် ထမင်းဝိုင်းမှာ ဆူညံနေသည်။
ကျွန်မက ထမင်းပန်းကန်ကို မ,ကာ ဧည့်ခန်းတွင်သွားစားတော့ ပုံ့ပုံ့လေးလေးရောက်ချလာသည်။

စိတ်ထဲမှာ မနက်စာကိုအာရုံမရပဲ ညက အကြောင်းတွေကိုပြန်တွေးမိသည်။
ရတီကိုက ဒီမှာနေမှာလား။
ဘယ်လောက်ကြာကြာလဲ။
အင်း ဒီတိုင်းဆို ကျွန်မ သူနဲ့ ခဏခဏတွေ့နေလို့မဖြစ်ဘူးပဲ။

ကျွန်မတို့ မနက်စာစားခြင်းအမှုပြီးတော့
ဘာမှလုပ်စရာမရှိကြတော့။
အေးပေမယ့်မိသားစုဆီမှ အနွေးဓာတ်ဖြင့် ကျွန်မတို့ နွေးထွေးကြပါသည်။

"ကိုယ် ဒီညနေပဲ ညကားနဲ့ပြန်တော့မယ်လို့စီစဉ်ထားတယ်"

"ဟင် ပြောတော့ ကြာကြာနေမယ်ဆိုပြီး"

မမသီရိကဖြတ်မေးတော့ ကျွန်မ ပီပြင်စွာပြုံးပြရင်းခေါင်းညိတ်ပြသည်။

My Choice (Completed )Onde histórias criam vida. Descubra agora